Part 34❤️

1.1K 60 5
                                    

ချစ်ကြိုးလေးသွယ်
Part 34
---------------
ချစ်သူရည်းစားရောဂါက ၀မ့်အပေါ်စွဲကပ်နေလေသည် မတွေ့ရရင်
မနေနိုင်အောင်လို့ တမ်းတမ်းစွဲဖြစ်နေတာ ညနေ လေးနာရီရောက်မှ
စစ်ရေးလေ့ကျင့်တာပြီးမှာ အခုကနေ့လည် တစ်နာရီပဲရှိသေး
တယ် ရှောင်းထမင်းစားပါ့မလား ထမင်းစားလို့ကောင်းပါ့မလား
ရှောင်းဘာလုပ်နေသလဲ တစ်ယောက်ထဲပျင်းနေပြီလား မဟုတ်သေးဘူးအဲ့တာတွေအသာထားဦး ရှောင်းကတစ်ယောက်ထဲပျင်းပြီးအပြင်လျှောက်သွားလို့ မကောင်းတဲ့ကောင်တွေလာနှောင့်ယှက်ရင်.....။

"တပ်မှူး၀မ်....တပ်မှူး၀မ်"

"ဟမ်..."

"ကျွန်တော်တို့ဘာဆက်လုပ်ရဦးမလဲ"

"နားလိုက် ဒီနေ့တော့ဒီလောက်ပဲ"

"ခင်ဗျာ...မနေ့ကလဲ မလေ့ကျင့်လိုက်ရဘူးလေ"

"မနက်ဖြန်မှ...."

"...."

‌တပ်မှူး၀မ်ကပြောပြီးချင်းပဲ တစ်ချိုးထဲထွက်သွားတော့သည် အနောက်ကသူတွေအဖို့တော့ပျော်စရာပင် ဒါပေမဲ့....စစ်သူကြီးတွေ့ရင်တွေဆူတော့မှာပဲ ဘာပဲဖြစ်ဖြစ် နောင်လာနောက်ရှင်းပဲ။

"ရှောင်ရှောင်း....ကိုယ့်ရဲ့ရှောင်ရှောင်း"

ရှောင်းတည်းသောအခန်းနံပါတ်ကိုပါပြောပြထားတာကြောင့် တစ်ခါထဲတက်သွားလို့ရတယ် အခန်းထဲမှာရှောင်းမရှိပါ ရှောင်းဒုက္ခ
ရောက်နေသလား ။

"လောင်၀မ်....."

"ရှောင်ရှောင်း...."

ရှောင်းကိုတွေ့တာနဲ့ဆွဲဖက်လိုက်တော့မှ စိတ်သက်သာရာရတယ်
ရှောင်းကတော့၀မ့်ကို ကြောင်အမ်းအမ်းသာကြည့်နေတုန်း
ဒီအချိန်ဘာလာလုပ်တာလဲ ပြောတော့စစ်ရေးလေ့ကျင့်တယ်ဆို ။

"လောင်၀မ်....ဘာဖြစ်လာတာလဲ"

"မင်းကိုလွမ်းလို့ "

"အာ...ဟား...ဟား "

"ရီစရာပါလို့လား"

"လောင်၀မ်ကလေ တအားကိုကလေးဆန်တာပဲ ရုပ်နဲ့တောင်မလိုက်ဘူး "

"ရှောင်ရှောင်းကရောကိုယ့်ကိုမလွမ်းဘူးလား"

"လွမ်းတာပေါ့ အမြဲတမ်း အချိန်တွေကိုနားစွင့်နေရတယ်လေ
လေးနာရီထိုးရင်၀မ်ကအမြဲလာတတ်နေကြဆိုတော့ လေးနာရီ
ရောက်ဖို့ကိုပဲ မျှော်နေရတာပေါ့"

You've reached the end of published parts.

⏰ Last updated: Aug 02, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ကြိုးလေးသွယ် ( ချစ်ကြိုးလေးသွယ်)Where stories live. Discover now