Part 9

188 14 0
                                    

ရက်တွေလတွေ အလီလီပြောင်းခဲ့ပြီးမို့
Uni တွေလဲ စဖွင့်ပြီ

အကုန်လုံး All D ပါခဲ့ကြပေမယ့်
အကုန်လုံး ဆေးမတက်ဖြစ်ခဲ့ကြပဲ
စီးပွားရေးတက္ကသိုလ်ကိုသာ တက်ဖြစ်ခဲ့ကြသည်
ဘုံတို့ တစ်ဖွဲ့လုံးက
10 တန်းမှာ စာကြိုးစားခဲ့ကြတာ ဆရာဝန်ဖြစ်ဖို့မဟုတ်ပဲ
ကိုယ်လုပ်ချင်ရာ လုပ်ပိုင်ခွင့်ရဖို့အတွက်သာ ဖြစ်သည်
(ကြိုက်တဲ့ကျောင်းကို ခေါင်းခေါက်ရွေးချယ်ခွင့်)

စာတွေ ကို ဘဝရဲ့ ၄ပုံပုံ တစ်ပုံစာ မက
ကျက်လာခဲ့ရတာမလို့ ထပ်ပြီးတော့
စာအုပ်နဲ့မျက်နှာ မပျက် ဖတ်နေရမယ့် ဆေးကျောင်းကို လုံးဝ ပယ်သည်
လုပ်ငန်းခွင်ဝင်ဖို့အတွက်လဲ အဆင်ပြေ
ကျောင်းမှာလဲ လွတ်လွတ်လပ်လပ် နေနိုင်မယ့်
ကိုယ်တွေအတွက်လဲPressure သိပ်မရှိမယ့်
စီးပွားရေးကိုသာ ရွေးလိုက်ကြတာဖြစ်သည်

★★★★★

Uni Life ရဲ့ အစ
‌ကျောင်းဖွင့်ရက် ပထမဆုံးနေ့လေး
‌ကျောင်းသား ကျောင်းသူတွေ အသီးသီး သွားလာနေကြပြီး
သိပ်ကိုကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးပဲ

ငယ်ဘဝရဲ့ အစ ဆိုသလိုပါပဲ

ဘယ်လောက်ပဲ မြို့ကြီးပြကြီးမှာ ခေတ်မှီအောင် နေပါစေ
Uniထဲကို ခြေချလိုက်တာနှင့် တစ်မျိုးလေးရင်ခုန်ဖို့ကောင်းနေသည်
နောက်တစ်ကြိမ်ပြန်မရနိုင်တဲ့ feeling လေး

‌တီ တီ တီ

ဖုန်းလာနေတာကြောင့် ကြည့်လိုက်တော့ နေ

Hello နေ

အေး ဘုံ မလာသေးဘူလား
ငါတို့ Canteen မှာ စောင့်နေတယ်နော်

အော် အေး ရောက်နေပြီ ငါက
နှစ်သက်ရော နင်တို့နဲ့ပဲလား
အေးဟုတ်တယ် မြန်မြန် လာတော့

Ok ok ရောက်တော့မယ်

ဘုံနဲ့ ဖုန်းပြောပြီးတော့

“ဘာတဲ့လဲ မောင် လာပြီတဲ့လား
အင်း ရောက်တော့မယ်တဲ့

အော် ....

မောင့်သူငယ်ချင်းက အမြဲနောက်ကျတယ်နော်
ခေတ်ဆိုရင် ဒီလို အမြဲနောက်ကျနေရင် စိတ်ရှည်မှာ မဟုတ်ဖူးရယ်
မောင်တို့ တစ်ဖွဲ့လုံး ဘုံကိုအရမ်းချစ်ကြတာပဲလားဟင်
တစ်ကယ်သိချင်တဲ့စတိုင် နဲ့ ဖြူဖြူစင်စင်လေး မေးနေတော့
နေကတော့ ရွဲ့မေးနေတယ် မထင်မိပါ

နေတစင်းရဲ့ဘုံဗိမ္မာန်Where stories live. Discover now