Part 6

327 10 1
                                    

ဒီနေ့နဲ့ဆို အိမ်ထဲကနေ အိမ်ပြင်မထွက်တာ
တစ်ပတ်ရှိနေပြီမလို့

မရှိခဲ့တဲ့ရည်းစားအတွက် အသည်းကွဲခဲ့တာလဲ တပတ်ပြည့်ခဲ့ပြီ

ဟူး.....

လိုင်းပေါ်လဲမတက်ဖြစ်တော့သလို
နေ နဲ့ နှစ်သက် ဖုန်းတွေ ခနခန ဆက်ပေမယ့်လဲမကိုင်ဖြစ်ခဲ့ပါ

လန်းလန်းဆန်းဆန်းဖြစ်အောင် ရေအရင်ချိုးလိုက်ပြီး
လိုင်းဖွင့်လိုက်တော့ Messenger မှ Notiတွေ အများကြီးဝင်လာမလို့ ဝင်ဖတ်ပြီး replyပြန်လိုက်သည်

*****

ကားတစ်စီးနဲ့ ဦးတည်ရာမယ့် လျှောက်သွားရင် ‌
စာအုပ်ဆိုင်နဲ့ တစ်ဆက်ထဲဖွင့်ထားတဲ့ ကော်ဖီဆိုင်ထဲ ဝင်လိုက်သည်

မီမီ ရေ

ဟယ် သားနေ ကြားသားမိုးကြိုး အိမ်ရောက်လာတယ်
ပြောပါဦး မီမီကို လွမ်းလို့လား

လွမ်းစရာလား ဒေါ်ကြိုးရယ်
ပျင်းလို့လာဝာာ

ဟယ် မီမီ စိတ်မကောင်းဖြစ်ပြီနော်

ဟားဟား
နေ ရယ်လိုက်ရင်း
စနေတာမဟုတ်ဘူး အတည်ပြောတာနော်
မီမီ သားက မီမီကို အခုလို အရမ်းချစ်တာသိရလို့ အရမ်းဝမ်းသာပါတယ်လို့
ကြိုး မျက်စောင်းထိုးလိုက်ရင်း

ဘုံ ရော မီမီ
အပြင်သွားတယ်လေ သားရဲ့ သားတို့နဲ့ တွေ့မလို့ မဟုတ်ဖူးလား
ဟာ ဒီကောင်မလေးက ဘယ်တွေ လျှောက်လိမ့်နေတယ် မသိဘူး
နေလဲ ဘာကိုအလိုမကျမှန်းမသိပါ
ခုတလော ဖုန်းဆက်ရင်လဲမကိုင်သလို လိုင်းပေါ်လဲ မတွေ့ တာမလို့ စိတ်ပူပြီး မလာချင်တဲ့အိမ်ကိုတောင် ရောက်အောင် လာတွေ့ပေမယ့်
သူက ခုတော့ အိမ်မှာမရှိ

မျက်စိမျက်နှာပျက်နေတဲ့ နေကိုကြည့်ရင်း

သားနေ သမီးနဲ့ ရန်ဖြစ်ထားကျတာလား
မဖြစ်ပါဘူး မီမီရာ နေမကောင်းဘူးလားလို့ လာတွေ့တာ
ပြီးခဲ့တဲ့ တစ်ပတ်လုံး သားဖုန်းဆက်တာလဲ မကိုင်ဘူး ဘုံက

သားနေပြောသော စကားများကြောင့် ကြိုးလဲအံ့ဩရလေသည်
သားနေက ခေါ်ရင် အမြဲ သွားတွေ့တက်ပြီး
သားနေက ဒါဆိုဒါ အရမ်းဂရုစိုက်တဲ့ကလေးမက
ဖုန်းဆက်တာတောင် မကိုင်ဘူးတဲ့လား

နေတစင်းရဲ့ဘုံဗိမ္မာန်Wo Geschichten leben. Entdecke jetzt