Part 3

283 8 0
                                    

သွေးမတော်သားမစပ်ပဲ တစ်ယောက်နဲ့တစ်ယောက် အကာအကွယ်ပေးရင်း
တစ်ဦးက မျက်နှာ ညိုရင် တစ်ဦး မနေတက်အောင် အထိ ချစ်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက် ပေါ့

ဒါပေမယ့် အဲ့တာက သူတို့နှစ်ဦးကြားထဲ သူစိမ်းတစ်ဦး ဝင်ရောက်မလာခင်အထိပါပဲ

တီတီကြိုး နှစ်သက်လာတယ်
ဘုံဘုံရှိလား တီကြိုး

ရှိပါ့တော် ရှိပါ့

အခန်းထဲမှာ သမီးကိုစောင့်နေတယ်
တက်သွားသမီး

လူမရောက်ခင်ထဲက အသံအရင်ရောက်လာတဲ့ ချစ်သူငယ်ချင်းမလေး နှစ်သက်မြတ်နိုး

စပ်စုစိန်မရေ နောက်ကို သံသာစိန်လို့ပြောင်းခါ်မယ်  နင်အသံက ခြံရှေ့မှာထဲက ကြားနေရတယ်

အမလေး ဘူဘူချင်း တစ်လာလုပ်နေတယ် နင်ရော ဘာထူးတုန်း အခန်းထဲက မထွက်လာခင်ထဲက အသံက အရှေ့က ရောက်နေတာ

သူငယ်ချင်းနှစ်ယောက် စကားနာထိုးနေတာကို ကြည့်ပြီး ပြုံးနေတဲ့ မာမာက
သမီးလေး သားနေတို့နဲ့တွေ့ဦးမှာလား

ဟုတ်တယ်မာမာ ဘုံတို့ Hot Pot သွား Eat မလို့လေ :<

ဟုတ်ပါပြီရှင် eat ပါ eat ပါ
သားနေ နဲ့ တွေ့ရင်သာ အိမ်ကို လာခဲ့ဖို့ ပြောပေးဦး မမြင်ရတာကြာလို့ မာမာက အရမ်းသတိရနေတာ

နေက သူ့ပါးပါး တို့ ဩစီမှာ သွားနေထဲက တစ်ယောက်ထဲ ကွန်ဒိုမှာ သွားနေလေသည်
အိမ်ကိုလဲ ဒယ်ဒယ်နဲ့မတည့်၍ အလည်မလာတော့ပါ

ဟုတ်ကဲ့ပါ မာမာရယ် ဘုံပြောလိုက်မယ်နော်

မမဘုံရယ်
ကျွန်မ ခနခန အမှာပါးနေရတာ ပြောလိုက်မယ် ပြောလိုက်မယ် ဆိုပြီး သားနေက ပေါ်မလာဘူး
မာမာ မှာသွားတွေ့နေရတာ
ဟုတ်ပါသည် မာမာက မားမားလ ကို အရမ်းချစ်သလို နေကိုလဲ သားတစ်ယောက် လိုကို ချစ်သည်
နှစ်ပတ်တကြိမ်လောက် နေကွန်ဒိုကိုသွားပြီး
သန့်ရှင်းရေးလုပ်ပေးသလို ချက်ပြုတ်ကြော်လှော်အစုံလဲ သွားသွားပို့ပေးတက်သည်
ဒယ်ဒယ်ကလဲ မချစ်တာမျိုးမဟုတ်ပါ ဘုံကို သဝန်တိုပြီး နေကိုခနခနရန်စကားပြောတက်သည် ဒါပေမယ့် မတွေ့ပဲလဲ မနေနိုင်၍ ဒယ်ဒယ်လဲ နေကွန်ဒိုကို ခနခန သွားပြီး ရန်ဖြစ်တက်သည် 
နေကသာ မာန ကြီးနေတာ
ဘုံတို့အိမ်ကို လှည့်ကိုမလာတော့ပါ
အတွေးစကို ဖြတ်ရင်း

နေတစင်းရဲ့ဘုံဗိမ္မာန်Where stories live. Discover now