Part 4

240 9 0
                                    

ခြံထဲမှာ ‌အသီးစားရင်း အပန်းဖြေနေတဲ့ ဒယ်ဒယ်နဲ့မာမာနား သွားထိုင်ရင်း

ဒယ်ဒယ် မနက်ဖြန် Result သွားကြည့်ရင် ဘုံဘုံ ကို နှိုးနော်
ဘုံဘုံလဲ လိုက်ချင်တယ်

အလဲ့ ဒယ်ဒယ်ရဲ့
ချစ်သမီး‌ေလးက ရင်တုန်နေတာလား
မအောင်လဲ ဒယ်ဒယ်တို့က မဆူပါဘူးနော်

ဖက်ဖက် လွဲပါစေ ပယ်ပါစေ
ဒယ်ဒယ်နော် ကိုယ့်သမီးကို ရန်စနေတာလား

ဘုံဘုံက သေချာပေါက် All Dထွက်မှာသေချာပေမယ့် (ကွန်ဖီးဒန့်လယ်ဗယ်စိုးဟိုက်နေသူလေး)
ဘဝရဲ့အမှတ်တရ သေးသေးလေးကို
သေချာလေး အမှတ်တရရှိချင်လို့

ဟားဟား ဟုတ်ပါပြီကွာ နှိုးမယ်နော်
ပြီးမှ ၅မိနစ်လေးပါဆိုရင် ထိပ်ထုမယ်
ပါးစပ်ကပြောရင် တစ်ကယ် ထုချလိုက်တဲ့ ဒယ်ဒယ်

လုပ်ပြန်ပြီ ဒယ်ရာ ချစ်သမီးက အဲ့လောက်အပျင်းမထူပါဘူးနော်

သားအဖနှစ်ယောက်ရဲ့စကားဝိုင်းမှာ ဘာမှဝင်မပြောပဲ ထိုင်နားထောင်နေတဲ့ မာမာက

ဘုံဘုံက အပျင်းမထူပါဘူးလဲ ပြောရော

ပြောတာပဲ ဆိုတဲ့ မျက်လုံးနဲ့ ကြည့်နေတဲ့ မာမာ

ဘုံလဲ မသိချင်ယောင်ဆောင်လိုက်ရင်း အသီးစားနေလိုက်သည်

ဘုံဘုံ တို့တဖွဲ့လုံး တော်တော်နဲ့ အိပ်မပျော်ကြပါ
Gp Chatထဲ စကားတွေပြောနေကြရင်း ၂ခွဲမှ အကုန်လုံး အိပ်ချင်လာကြသည်

သေချာတာကတော့ တဖွဲ့ လုံး Resultသွားကြည့်နိုင်တော့မည် မဟုတ်ပါ

~⁠♡

မနက်ခင်း ၆နာရီ

မိန်းမိန်း သမီးလေး ထပြီလားသွားကြည့်ဦး
Result သွားကြည့်ရအောင်

ကျားကျားရယ် သေချာတယ် မလိုက်နိုင်လောက်တော့ဘူး ညက တော်တော်နဲ့မအိပ်ဖူး

ကျားကျားနဲ့ မိန်းပဲ သွားကြည့်မယ်လေ

သမီးကတော့ကွာ
သူသမီးအကြောင်း‌ေတွးရင်း တပြုံးပြုံးနဲ့ ခေါင်းရမ်းလိုက်တဲ့ လျှံ

ကဲဒါဆိုလဲ သွားရအောင်

အဲ ဒါနဲ့ မသွားခင် Morning Kissလေးပေးဦးလေကွာ
ကျားကျားနော် အသက်တွေကြီးနေပြီကို

နေတစင်းရဲ့ဘုံဗိမ္မာန်Where stories live. Discover now