Part 1

593 10 0
                                    

ကျားကျားရေ မိန်းဗိုက်နာလို့သေတော့ ဘယ်ရောက်နေတာလဲ
လာပြီမိန်းရေ လာပြီ လာပြီ ကျားစာကြည့်ခန်းထဲရောက်နေလို့
ဗိုက်က တော်တော်နာနေလား ဘယ်နားကနာတာလဲ
အော်ကဲ ဗိုက်ကနာတာပါဆို မနာပဲခေါ်မလား ကျားရဲ့
စိတ်ချမ်းသာတယ်
အဝတ်တွေထည့်ဖို့ မိလုံးကိုခေါ်လေ ကျားကျားရယ် ဗိုက်နာလို့သေတော့မှာပဲ
ဟာ မိန်းရယ် မဦးမချွတ်
မိလုံးက မိန်းမိန်းခိုင်းထားတယ်လေ ကျားကျားပဲ ထည့်တော့မယ် ခနလေးနော် မိန်း
ထည့်ထည့် မြန်မြန်လေး
အမလေးလေး ကျွတ်ကျွတ်

လတို့ လင်မယား ကြိုးတို့အိမ်အလည်လာရင်း
ကြိုးရဲ့အော်သံ လျှံရဲ့ပြာယာခက်နေတဲ့အသံကိုတန်းကြားရလေသည်
မောင်ရေ ကြိုးဗိုက်နာနေတာနေမှာ သွားအပေါ်တက် သွားကူချေ လျှံနဲ့နှစ်ယောက်ထဲဖြစ်မှာမဟုတ်ဖူး

ဟာ ချစ်တစ်ယောက်ထဲဖြစ်ပါမလား
ဖြစ်ပါတယ်မောင်ရယ် ကဲသွားမှာသာသွားပါ
အင်းပါ အင်းပါ ဒါဆိုတက်ပြီနော်

လလဲ ဗိုက်ကြီးနဲ့ဆိုတော့ အပေါ်လိုက်တက်လို့ကမရ

ကြိုးဆိုတာ လရဲ့အချစ်ဆုံးသူငယ်ချင်း
မောင်နဲ့လျှံကလဲ ထိုနည်းတူပဲ

ယူတော့အတူတူ ကိုယ်ဝန်ရှိတော့လဲအတူတူ
မွေးခါမှ မတူတော့ဘူးလားမသိပါဘူး

ကဲ ဖြေးဖြေးဆင်းကြိုးရေ
မောင်ရေ ကားထုတ်ချေ ခဖစ်တို့ပါ တခါထဲလိုက်မယ်
ဟုတ်ပြီ ချစ်ရေ ခနစောင့်

ဆရာမ ဆရာမ ခုနက ဖုန်းကြိုဆက်ထားတဲ့ မွေးလူနာပါ
အော် အင်း ခနစောင့်ပေးနော် ဆရာမကြီးလာနေပြီ အခု အခန်းထဲက ခနသွားစောင့်နေပေးပါ

ခုလိုစောင့်ရမှာစိုးလို့ဖုန်းကြိုဆက်ထားခါမှ လာစောင့်နေရတယ့်အဖြစ်

အာ့...ကျွတ်ကျွတ်
ချစ် ဘာဖြစ်တာလဲ ဗိုက်နာလာလို့လား
ဟုတ်တယ် မောင်ရေ တစ်ချက်ထိုးအောင့်သွားတာ
အာ့... အမလေးလေးမောင်ရေ ချစ်လဲ ဗိုက်ဋာလာပြီ မွေးတော့မယ်နဲ့တူတယ် ကျွတ်ကျွတ်
ဟာ ခနလေးစောင့် မောင် ဆရာဝန်သွားခေါ်လိုက်ဦးမယ်

ဆရာမ ဆရာမ မွေးလူနာ ခုနက မွေးလူနာနံ့အတူပါလာတဲ့ ကျွန်တော်မိန်းမပါ မွေးချင်လာလို့

အော် ဒုက္ခပါပဲ ခုမှ အချိန်ကိုက်တူတူနိုင်လွန်းတယ်
ဆရာမကြီးရောက်တော့မှာ အဲ့တော့မှ ဆရာမကြီးနဲ့ တစ်ခါထဲ ‌စစ်ဆေးကြည့်တာပေါ့
ခနစောင့်ပေးဦးနော် ရောက်တော့မှာပါ
ဟုတ်ကဲ့ ဟုတ်ကဲ့ ဆရာမ

တစ်ခါမှ အောက်ကျ မခံဖူးတဲ့ လျှံနဲ့ရှိန်ဝါတို့နှစ်ဦးသား ချစ်ရတဲ့အမျိုးသမီးလေးတွေ မီးဖွားဖို့အဆင်ပြေရေူအတွက် ဟုတ်ကဲ့ချင်းထပ်အောင်ပြောနေရတော့သည်

ကဲ နှစ်ယောက်လုံး ဗိုက်နာတာလဲ တူပြန်ပြီလား
ဟုတ်တယ် ဆရာမရေ အာ့တာ အတူတူပဲမွေးလို့ရနိုင်မလား ဆရာမ နှစ်ယောက်လုံးကအရမ်းနာနေတာဆိုတော့
ရပါတယ် အခု နှစ်ယောက်လုံးကို မွေးခန်းထဲ ပို့ကြမယ်
ဟုတ်ကဲ့ခင်မျ ကျေးဇူးပါဆရာမ

‌ခွဲခန်းရှေ့ နှစ်ယောက်သား ခြေချင်းရှုပ်အောင် တောင်လျှောက်မြောက်လျှောက်နဲ့ ဘုရားစာရွတ်နေတုန်း

ဆရာမ ထွက်လာပြီး
ကကြိုးနွယ်မျှင် နဲ့ လတစင်း ရဲ့ အမျိုးသားတွေလားမသိဘူးရှင့်
ဟုတ်ပါတယ် ကျနော်က ကြိုးရဲ့အမျိုးသားပါ
ဟုတ်ပါတယ် ကျနော်က လရဲ့အမျိုးသားပါ

ပြိုင်တူပြောမိရင်း

ကကြိုးနွယ်မျှင် က မိန်းခလေး မွေးပါတယ်နော်
လတစင်းက ယောကျာ်းလေးမွေးပါတယ်
မိခင်နှစ်ယောက်လုံးရော ကလေးနှစ်ဦးလုံးပါ ကျန်းမာပါတယ်

ကလေးနှစ်ယောက်လုံးက ည ၈:၀၈ မိနစ်မှာ မွေးပါတယ်‌ရှင်

ဗျာ
နှစ်ယောက်လုံးအံဩမိရင်း

နေတစင်းရဲ့ဘုံဗိမ္မာန်Where stories live. Discover now