Part 8

251 12 0
                                    

“ အချစ်ဆိုတာဘာလဲကိုယ်မသိသေးဘူး

ဒါပေမယ့်

သူမလေးကိုတော့ မြင်မြင်ချင်းရင်ခုန်မိသည်

‌အကြိမ်ကြိမ်သူမလေးအကြောင်းပဲထိုင်တွေးနေမိသည်

မမြင်ရတော့ မြင်ချင်လာမိသည်

ဒါသာ အချစ်ဆိုရင်

Love at first sight ဆိုတဲ့ အဆိုလေးကို

သူလက်ခံမိမယ်ထင်တယ်

ရည်းစားတွေ မှိုလိုပေါက်အောင် ထားဖူးပေမယ့်
သူမလေးနဲ့လို ရင်မခုန်
စကားလေးတစ်လုံးပြောရတာပင် ရင်ခုန်ဖို့ကောင်းလွန်းသည်

နောက်ရက်တွေမှာလဲ ထပ်တွေ့ရဖို့ မျှောင်လင့်မိတယ်

ကိုယ့်ရဲ့ ကလေးလေးရယ်

သူ့ရဲ့အတွေးထဲမှာ သူမလေးရဲ့ nickname ကို ကလေးလေး လို့ တဖက်သတ် ပေးလိုက်မိသည်
သူမလေးသိရင် စိတ်မဆိုးလောက်ပါဘူးလေ  ”

★★★★★

မောင်

အင်း ပြောလေ ခေတ်

မောင့်သူငယ်ချင်းက မလာသေးဘူးလား

ခေတ် တို့စောင့်နေတာ တစ်နာရီလောက်ရှိနေပြီ

ခေတ်မှာ အချိန်တွေ ပေါနေတာ မဟုတ်ဖူးနော် မောင်

မောင့်အတွက် အဖိုးတန်ပါတယ်  ဆိုတဲ့
သူငယ်ချင်းအတွက်
ခေတ်ရဲ့ သင်တန်းတွေကို ဖျက်ပြီးလာရတာ

ခေတ် ဒေါသတွေ ထွက်နေမိပါပြီ
သူ့ရဲ့ သူငယ်ချင်း နဲ့ တွေ့ဖို့အတွက် ကိုယ့်က ထိုင်စောင့်နေရတဲ့ အဖြစ်
သူငယ်ချင်းကလဲ မိန်းကလေးတဲ့ လေ

သဝန်တိုမိပါသော်လည်း
မောင် စိတ်ခုမှာစိုးလို့ သဘောထားကြီးပြနေရတာ
အခုလိုပါ ထိုင်စောင့်နေရတော့ စိတ်သဘောထားမကြီးပြနိုင်တော့ပါ

“လာတော့မှာပါ ခေတ်ရာ
သူက မောင်ကို ဒီမှာစောင့်ဖို့ ပြောထားတာ”

‘သူက စောင့်နေခိုင်းတာ တဲ့လား
သူက မောင့်အတွက် ဘယ်လောက်တောင် အရေးပါနေတာများလဲ
သူ အားတဲ့အချိန်မှသာ ကိုယ့်ကို တွေ့ဖို့ စီစဉ်ပေးနေတယ့်မောင့်ကိုလဲ ဒေါသထွက်မိသည်
သူက ဘယ်လောက်တောင်အရေးပါနေလို့လဲ
ကိုယ်က အစစ်ဆေးအမြေးမြန်းခံဖို့ ထိုင်စောင့်ပေးနေရသလိုပါပဲလား
အဲ့ကောင်မလေး ကွယ်ရာမှာတောင် သူမနဲ့ပတ်သက်ရင် အမြဲ နူးညံ့စွာပဲ ပြောတက်တဲ့မောင်ကြောင့်
စောင့်ရလို့ စိတ်တိုတာထက် ပိုပြီးဒေါသထွက်မိလာတော့သည်’

နေတစင်းရဲ့ဘုံဗိမ္မာန်Where stories live. Discover now