Part 7

252 15 0
                                    

“ ကားပေါ်ရောက်ကထဲက ထိုင်ပွားနေတဲ့ နေကြောင့်
မကြည်နေတဲ့ စိတ်က ညစ်သွားတဲ့ အထိပဲ ”

“ငါပြော နေတာ ကြားလား ဘုံ
မသိတဲ့ကောင်တွေနဲ့ ဘာလို့ စကားပြန်ပြောတာလဲ
အဲ့ကောင်မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေရင် ဘယ်လိုလုပ်မလဲ ”

ဘုံလဲ စိတ်ပေါက်ပေါက်နဲ့
“နေ ငါအရွယ်ရောက်နေတဲ့ အပျိုတစ်ယောက်ဖြစ်နေပြီ ငါ ကလေးမဟုတ်တော့ဘူး ငါ့မှာ စဉ်းစားတက်တဲ့ အသိဉာဏ်ရှိတယ်”

ဘာ

ဟုတ်တယ်  အာ့တာကြောင့်ပွားတာရပ်
အာရုံနောက်လာပြီ

“ဘယ်လို အာရုံနောက်တယ် အရွယ်ရောက်နေပြီ ဟုတ် လား
နင်က ဘယ်နားက အရွယ်ရောက်တာလဲ
နင်အခုက အသက်က လက်တောက်လောက်နဲ့
စိတ်ကစားဖို့ စိတ်မကူးနဲ့ ဘုံ
နင် ရည်းစားထားသင့်တဲ့ အချိန်ရောက်ရင် ငါမတားဘူး
နင် ငယ်သေးတယ် ”

အဟင်း
နင်တော်တော်ရယ်ရတာပဲ နေ
နင်တောင် ရည်းစားထားနေပြီး ငါကျ ထားလို့မရဘူးတဲ့လား
မတရားလိုက်ဝာ နေရယ်

“တရားတာတွေ မတရားတာတွေ လာမပြောနဲ့
ငါက ယောကျာ်းလေး ငါမှာ ထူးပြီး မနစ်နာဘူး
နင် က မိန်းကလေး နင်တစ်ကယ် ချစ်တဲ့သူနဲ့ တွေ့ရင်
နင့်ကို အမြင်စောင်းမှာစိုးလို့ ပြောနေတာ
ငါ့ညီမလေး တစ်ယောက်လို သဘောထားလို့ ပြောနေတာပါ ဘုံရာ
ငါ့စကား ကို နားထောင်မယ် မလား ”

“ညီမလေးတဲ့လား နေရယ် ငါက နင့်ညီမအရင်းမှ မဟုတ်တာ

ပြောချင်ရာပြောပြီး ပြန်မပြောနိုင်အောင်လဲ ပြောတက်တက်သေးတာပါပဲလား ”

ဘုံလဲ အရစ်မရှည်ချင်တော့တာနဲ့

အင်း
ဘာစကားမှ ဆက်မပြောချင်တော့တာမလို့ ကားပြတင်းပေါက်ဘက်ပဲ လှည့်နေလိုက်တော့သည်

ဘုံကို ပြန်ပို့ရင်း
အိမ်မှာ ထမင်းစားပြီး
ဒယ်ဒယ်နဲ့ Chest ထိုးနေတာမလို့
ဘုံလဲ အပေါ်တက်ပြီး နားနေလိုက်တော့သည်

“သားနေ
ဗျာ
ဒီဒီကို ပြောစရာ မရှိဘူးလား
ဟမ်
ဘာ‌ေပြာရမှာလဲ သားက
ဘာမှ မဟုတ်ပါဘူးကွာ
သားနေ ပြောစရာရှိရင် ဒီဒီကို ပြောလို့ရတယ်နော်
ဒီဒီ က နားထောင်ပေးဖို့ အဆင်သင့်ပဲ
‌ဒီဒီ ဘာကိုပြောချင်တယ် ဆိုတာ သိပေမယ့်
မသိချင်ယောင်ဆောင်ရင်း
ဟုတ်ပါပြီ ဒီဒီရာ
လောလောဆယ် တော့ ဘာမှ ပြောစရာမရှိသေးဘူး
အင်း
လျှံ ခေါင်းငြိမ့်လိုက်ရင်း
နေ့ရင်ထဲက အစိုင်အခဲတွေကို မသိချင်ယောင်ဆောင်ပေးလိုက်သည်

နေတစင်းရဲ့ဘုံဗိမ္မာန်Dove le storie prendono vita. Scoprilo ora