Part 2

332 11 0
                                    

2020 (ဘုံတို့ ၈တန်းနှစ်)

ဘုံဘုံ ရေ ဘုံဘုံ မြန်မြန်လာ မြန်မြန်လာ
အပေါက်ဝကနေ အပြေးဝင်လာပြီး မြန်မြန်လာဖို့ခေါ်နေတဲ့ စပ်စုစိန်မလေး နှစ်သက်

ဘာတွေ့လာပြန်ပြီလဲ နှစ်သစ်ရယ်

ဟဲ့ နင့်လူ နေတစင်း ထ၃ ကကောင်တွေနဲ့ ရန်ဖြစ်နေပြန်ပြီ
အာ့ကြောင့်လာခေါ်တာ

ဘာ

ဘယ်နားမှာ လဲ ‌အခု
ကျောင်းအနောက်ဖက်မှာ
လာမြန်မြန်သွားမယ်

ရပ်တော့ ရပ်တော့ အခုရပ်
ဘုံ နေအနားကို ပြေးသွားပြီး ဆွဲလိုက်ရင်း
ဘာလုပ်တာလဲ နင်တို့သူများကျောင်းလာပြီ ရန်လာစနေတာလား ငါ အခုကျောင်းအုပ်ကိုသွားတိုင်ရင်ညနင်တို့အကုန်ဒုက္ခ ရောက်မှာနော်

အချစ်လေးရာ စွာလိုက်တာကွာ
ကိုယ်က အချစ်ကိုလာတွေ့တာ ဒီကောင် နွားစားကျင်းစောင့်‌တဲ့ခွေးက လာကိုက်နေတာ

-ီး ကို အချစ် နေက နောက်တခါ ဆွဲထိုးမယ်လုပ်နေလို့
တော်ပြီ နေ

ဒီမှာ ငါ့နာမည်က ဘုံဗိမ္မာန် အချစ်မဟုတ်ဘူး
နောက်တစ်ခါအချစ်လို့ ခေါ်ရင်
ငါ့ဒယ်ဒီကို တိုင်ပြီ နင့်ကိုလျှာဖြတ်ခိုင်းမယ်

ဒယ်ဒီအကြောင်းပြောလိုက်တော့ မျက်နှာခနပျက်သွားပြီး

ဟားဟားဟား
ကြောက်လိုက်တာ အချစ်ရာ
အချစ်မကြိုက်ရင် ကိုယ်မခေါ်တော့ပါဘူး
ယောက္ခမကြီး ကိုတော့ မတိုင်လိုက်ပါနဲ့

နင်ခေါ်ပြန်ပြီလား

ဟျောင့် ကျော်သက် တော်ပြီ ပြန်ရအောင်
သူအဖေ ဘယ်သူလဲ မင်းလဲသိရဲ့သားနဲ့
သူ့ဘေးကကောင်က တိုးတိုးကပ်ပြောလိုက်တော့
ဒီနေ့တော့ ပြန်တော့မယ် ဘုံဘုံလေး
ကိုယ် အချစ်လို့ မခေါ်တော့တာ ကြောက်လို့မဟုတ်ဖူးနော် ဘုံဘုံကိုစိတ်ချမ်းသာစေချင်လို့

ဘုံဘုံနဲ့နှစ်သက်တို့ တဖွဲ့လုံး မျက်နှာ တွေ ရွဲ့ပြစ်ရင်း နေကလဲ နဂါးသာဆို ပြာကြသွားနိုင်တဲ့အကြည့်တွေနဲ့

သူတို့ပြန်သွားကြတော့ နေနဲ့ ကောင်းထက် တို့အဖွဲ့ဘက်ကိုလှည့်ကြည့်တော့
တစ်ဖွဲ့လုံးက ကြောက်စရာမျက်လုံးများ‌နဲ့ ကြည့်နေတော့
ဘာဖြစ်တာတုန်း နင်တို့က
နင်ဘာလို့ လိုက်လာတာလဲ ဒါ ယောကျာ်းတွေ ရန်သတ်နေတာ
ရုပ်ရှင်ရိုက်နေတာမဟုတ်ဖူး ဘုံ

ရုပ်ရှင်ရိုက်နေတာ မဟုတ်လို့လိုက်လာတာလေ
ရုပ်ရှင်ရိုက်နေတာဆို ငါ နင့်ဆီ လိုက်လာပါ့မလား
နင်အရမ်း ငါ့ကိုစိတ်ပူအောင်လုပ်တာပဲနေ

နေလဲ အခုမှ ပြုံးသွားရင်း
ငါက နင့်ကို မကောင်းတာတွေ မမြင်စေချင်လို့ပါ

အမလေး တော်ကြပါတော့ ဒရမ်မာ ကင်းနဲ့ကွင်းရယ်
မဟုတ်ရင် ကျောင်းအုပ်သိပြီး ခေါ်တွေ့နေမယ်

တဖွဲ့လုံးထောပနာ ပေးကြတော့ သူတို့လဲ ပြုံးမိရင်း

ဟုတ်ပါတယ် ဘုံနဲ့နေ က အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက်အရမ်းဂရုစိုက်ပြီး ချစ်ကြတဲ့ မောင်နှမသူငယ်ချင်းတွေ

နေတစင်းရဲ့ဘုံဗိမ္မာန်Where stories live. Discover now