Extra

1.9K 95 5
                                    

ရှင့်သွန်း က ကားမောင်းနေရင်းနှင့်ပင် ကျန်ဘက်တစ်ဖက်ဖြင့် ဝတ်ရည် လက်လေးအား ဆွဲယူကာ တပြွတ်ပြွတ်ဖြင့်နမ်းသည်။

"ရှင် ဘယ်လိုတွေဖြစ်လို့ ကဲနေတာလဲ။''

"ကိုယ်ခုထိ မယုံကြည်နိုင်သေးလို့ပါ။ မမလေး ဝတ်ရည် ကိုယ့်နောက်လိုက်လာတယ်ဆိုတာ။''

ဝတ်ရည် က ရှင့်သွန်း ပါးအား ဆွဲဆိတ်လိုက်သည်။ ရှင့်သွန်း နာသွားသည်ကြောင့် အော်ကာ ရဲသွားသည့်ပါးအား အုပ်ကိုင်လိုက်၏်။

"ခုထိ အိပ်မက်လို့ထင်နေတုန်းပဲလား။''

ရှင့်သွန်း က ပြုံးရင်း ခေါင်းခါပြသည်။

"မထင်တော့ဘူး။ တကယ်နာတယ်။''
####

"ဘာလို့ ဆေးရုံလဲ။ ရှင် နေမကောင်းလို့လား။''

ရှင့်သွန်း က ကားစက်သတ်လိုက်ကာ ခါးပတ်အားဖြုန်လိုက်ပြီး ဝတ်ရည်အပေါ် ကိုယ်တစ်ဝက်အုပ်မိုးကာဖြင့်။

"ရှင် ဆိုတဲ့ အစား၊ ကိုယ့်ကို မောင်လို့ခေါ်။''

ဝတ်ရည် က ရှင့်သွန်း မျက်လုံးများအားစိုက်ကြည့်နေရင်း ပါးပြင်လေးနှင့် နားရွက်လေးများက ပန်းနုရောင်သို့ ပြောင်းလာသည်။ တိုညင်းသောလေသံဖြင့် နှုတ်ဖျားမှ ''မောင်'' ဟုထွက်လာသည်။ ရှင့်သွန်း နှလုံးသားလေးမှာ ကလိကလိဖြစ်လာပြီး ဝတ်ရည် နှုတ်ခမ်းပါးများကို ငုံ့ကာနမ်းလိုက်သည်။ ထို့နောက် ကားတံခါးဖွင့်ကာ ထွက်သွားပြီး ဝတ်ရည် ဘက်မှတံခါးအား သွားဖွင့်​ပေး၏။

"မမလေး ဆင်းပါဗျ။''

ဝတ်ရည် က ပြုံးကာ ရှင့်သွန်း ကမ်းပေးသည့်လက်အား လှမ်းကိုင်လိုက်ပြီး ကားထဲမှထွက်လာသည်။ ဓာတ်လှေကားဖြင့် ဆေးရုံ အပေါ်ဆုံးအထပ် privacy အခန်းများဆီလက်တွဲလျက် ​လျှောက်လာကြသည်။

အခန်းနံပါတစ်ခုရှေ့ရောက်သည့်အခါ ရှင့်သွန်း တံခါးခေါက်လိုက်တော့ အထဲမှ ''ဝင်ခဲ့။'' ဆိုသည့်အသံထွက်လာသည်။
ထိုအချိန် ဝတ်ရည် သူ၏လက်များကို ရှင့်သွန်း က ပိုမိုတင်းကြပ်စွာ ဆုတ်ကိုင်လိုက်သည်ကို သတိထားမိသည်။

တံခါးအားဖွင့်ပြီး အိပ်ရာပေါ်တွင် လူနာဝတ်စုံဖြင့်လဲလျောင်းနေသည့် လူကြီးနားသို့လျောက်လာသည်။ ရှင့်သွန်း က ဝတ်ရည် နှင့် သူမတွဲထားသည့်လက်အားမြှောက်ပြကာ။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now