Part 22 💛

1.3K 91 5
                                    

ပျိုမေလေး ဆိုသည့် မဏ္ဍပ်ထဲတွင် ဝတ်ရည် က မုန့်လုံးရေပေါ်များလုံးနေသည်။ ရပ်ရန်ပြင်နေသည့် နွားလှည်းမရပ်ခင် ရှင့်သွန်း က ခုန်ဆင်းကာ ပိတောက်ပန်းတွေဝေဝေဆာဆာ ပန်ထားတဲ့ ဝတ်ရည် အနားတိုးကပ်သွားကာ ထန်းလျက်ပန်းကန်ရှေ့ထိုင်ချလိုက်သည်။

အနီးမှရနေသည့် ပိတောက်ပန်းရနံလေးကို တဝကြီးရှူကာ ဖြူနုထဋ်နေသည့် မျက်နှာလေးအား ငေးကြည့်လိုက်သည်။ မနက်မှခူးထားသည့် ပိတောက်ပန်းလေးတွေက ချစ်ခြင်းမေတ္တာများကြောင့် လန်းဆန်းနေသေးသည်။ ဝတ်ရည် က ဘေးနား ဒံအိုးထဲတွင် ထည့်ထားသည့် မုန့်လုံးရေပေါ် တချို့ကို ပန်းကန်ထဲထည့်ကာ သူ့အား ငေးကြည့်နေသည့် ရှင့်သွန်း ဆီပေးလိုက်သည်။

ထန်းလျက်ခဲ များကြောင့်မဟုတ်ဘဲ၊ ဝတ်ရည် မျက်နှာလေးကြောင့် မုန့်လုံးရေပေါ်များက ပိုချိုနေခဲ့သည်။ အမှတ်အသားတစ်ခုနဲ့ မုန့်လုံးရေပေါ်က ရှင့်သွန်း ပါးစပ်ထဲရောက်ရှိသွားကာ အထဲမှ ထန်းလျက်ခဲအစား ငရုတ်သီးတောင့်နှစ်ခုထွက်လာခဲ့သည်။ အစပ်မစားနိုင်တဲ့ ရှင့်သွန်း က မျက်နှာကြီးတစ်ခုလုံးရဲလာကာ မျက်လုံးများလည်း နီလာပြီး မျက်ရည်များကျလာတော့သည်။

"ရှင် အဆင်ပြေရဲ့လား။''

ရှင့်သွန်း မလိမ်စွာ ခေါင်းခါလိုက်သည်။ ဝတ်ရည် က စိုးရိမ်နေသည့်မျက်နှာနှင့် အခြားမဏ္ဍပ်တစ်ခုဆီမှ ဝေနေသည့် မုန့်လက်ဆောင်းတစ်ခွက်အား ယူလာကာ ရှင့်သွန်း နှုတ်ခမ်းဝနား တေ့ပေးလိုက်၏။ ရှင့်သွန်း က ဝတ်ရည် ရဲ့ လက်လေးကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ အုပ်ကိုင်လိုက်ပြီး မုန့်လက်ဆောင်းများအားမော့ချကာသောက်လိုက်လေသည်။

အေးစိမ့်စိမ့် မုန့်လက်ဆောင်းက လည်ချောင်းထဲဖြတ်သန်းသွားသော်လည်း အငတ်မပြေစွာနှင့်၊ အုပ်ကိုင်ထားသည့် ဝတ်ရည် လက်အား အားနှင့်ဆွဲလိုက်သည်ကြောင့် အရှိန်လွန်ကာ ရှေ့တိုးလာသည့် နှုတ်ခမ်းပါးလေးအား ဦးတည်နမ်းလိုက်သည်။ ကျေနပ်အားရစွာပြုံးရင်း ရေရွတ်လိုက်သည်က...

"ခုမှ အစပ်ပြေသွားတာ။''

ဝတ်ရည် ကတော့ ထိုနေရာမှာတင် မျက်လုံးခပ်ပြူးပြူး ကြောင်တောင်တောင်လေးသာ ငုတ်တုတ်ထိုင် အတွေးလွန်နေတော့သည်။
###

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now