Part 3💛

3.3K 209 8
                                    

နောက်မှတကောက်ကောက်လိုက်လာသည့် မဟာ ကြောင့် ဥသြ စိတ်အနှောင့်အယှက်ဖြစ်သည်။

"ဒီမှာ ခင်ဗျားကြီး။ ဘာကိစ္စ ကျတော့်နောက်လိုက်နေတာလဲ။''

"ကိုယ် ရွာလေးကို စူးစမ်းနေတာလေ။ မင်းနောက်လိုက်တာမဟုတ်ပါဘူး။ သွားရာလမ်းချင်းတူသွားရုံပါ။''

မျက်နှာပြောင်တိုက် ဗြောင်လိမ်ဗြောင်စား လူပါပေ။ ဥသြ တစ်ဖက်ကမ်းသွားရန် တံတားကူးပြန်တော့လည်း နောက်မှလိုက်လာသည်။ စိတ်တိုတိုနှင့် မုန့်ဆိုင်တည်းဝင်တော့လည်း မဟာ က ပါ အတူလိုက်ဝင်သည်။

"ခင်ဗျားကြီး ကျတော့်နောက် သပ်သပ်လိုက်နေတာပဲ။''

ဥသြ တစ်ဖက်လှည့်ကာ ရန်တွေ့လိုက်တဲ့အချိန် မဟာ ရဲ့ ရင်အုပ်ကျယ်ကျယ်များနှင့် တန်းတိုးမိကာ ရင်ခွင်ထဲရောက်သွားသလို။ မဟာ က ဥသြ မျက်နှာနား နေရခက်အောင်အထိ တိုးကပ်လာပြီး ဥသြ အနောက်မှ မုန့်ထုပ်အားဆွဲဖြုတ်လိုက်သည်။

တစ်ခါမှ မတွေ့ကြုံဖူးသည့် အနေအထားနှင့် အခြေအနေကြောင့် ဥသြ ရင်တလှပ်လှပ်။ မဟာ က သူယူလိုက်သည့်မုန့်ထုတ်အားပြကာ။

"ဆတ်သားခြောက်ဖုတ် ဝယ်တာလေ။''

"ဆတ်သားခြောက်ဖုတ် ပဲ။ ကိုယ့်ဟာကိုယ် ဝယ်ပြီးစားနေလိုက်။''

ဥသြ နားရွက်ဖျားတွေပါ နီနီရဲရဲ။ ရှက်ရမ်းရမ်း ရန်တွေ့ကာ ရှေ့မှ မဟာ အား တွန်းဖယ်လိုက်ပြီး ရှူးရှူးရှားရှား ခပ်ကွကွ ထွက်သွားသည်။ မဟာ ခေါင်းခါရင်း ရယ်နေမိသည်။

ဥသြ မခံမရပ်နိုင်နှင့် ရန်ပြန်တွေ့လေ မဟာ စချင်လေပေ။ အကြောင်းပြချက်သည်ကား ဥသြ ဒေါသထွက်လျှင် သိပ်ချစ်ဖို့ကောင်းသည်လေ။

"ဆရာလေး က နွေဥသြ ကို စာသင်ဖို့ရောက်လာတဲ့ ဆရာလား။''

ဆိုင်ပိုင်ရှင် အန်တီက လှမ်းမေးသည်မို့ မဟာ ဟုတ်ကြောင်းပြောလိုက်သည်။

"အန်တီ အကူအညီလေးတောင်းပါရစေ။ အန်တီ့ သမီးကိုလည်း စာသင်ခိုင်းစေချင်လို့ပါ။''

"ညီမလေး နားမလည်တာရှိရင် ကျတော့်ကို လာမေးလို့ရပါတယ် အန်တီ။ စာသင်ပေးဖို့ကျ ကျတော့်ကို ဥသြ တစ်ယောက်တည်းက မူပိုင်တာမို့ပါ။''

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now