Part 5💛

2.7K 204 16
                                    


"အန်တီထားရီ။ ဥသြ အိမ်မှာရှိလား။''

လက်ဆွဲချိုင့်တွေအပြိုင်အဆိုင်နှင့်ရောက်လာကြသည့် ဝင့်ဝါ နှင့် ရွှေရည်။

"ရှိပါ့တော်။ ကိုယ်တော်ချောက စက်တော်ခေါ်တုန်း။''

ဝင့်ဝါ နဲ့ ရွှေရည် က ဒေါ်ထားရီ အား ချိုင့်ပေးကာ...။

"ဒါ အိမ်ကချက်တဲ့ ငါးဟင်းအစပ်လေးနဲ့ ချဉ်ပေါင်ကြော်။''

"ဒါလေးက ဝက်သားအစပ်ကြော်လေးနဲ့ ပဲကုလားဟင်း ပါ အန်တီ။''

ဒေါ်ထားရီ က နားမလည်နိုင်စွာ ချိုင့်နှစ်ချိုင့်လုံး လက်ခံလိုက်ရသည်။

"ဘယ်သူ့အတွက်လဲ သမီးတို့ရဲ့။''

"အန်တီတို့အတွက်ပါ။''

ထို့နောက် စကားဆက်ကာပြောလေသည်။

"ဆရာလေးအတွက်ပါ ပိုထည့်ပေးထားပါတယ်။''

ဒေါ်ထားရီ ကတော့ သဘောရိုးနှင့်ပင်။

"အော် ကျေးဇူးပါ သမီးတို့ရယ်။ နောက်ဆို သမီးတို့လည်း စာမေးစရာရှိရင် ဆရာလေးဆီလာကြနော်။''

ဝင့်ဝါ နဲ့ ရွှေဂရည် တို့ရဲ့ မျက်လုံးက အရောင်တလက်လက်ဖြင့်။ ခုချက်ချင်းပင် စာအုပ်ဆွဲကာ ​ပြေးလာတော့မည့်ပုံတွေဖြစ်နေသည်။ အသံပြိုင်တူဖြင့်...။

"ဟုတ်ကဲ့ အန်တီ။''

ဥသြ အခန်းထဲမှ ဆံပင် ငှက်သိုက်ကေ ကျေမွနေသည့်စွပ်ကျယ်နှင့်ထွက်လာသည့်အခါ မဟာ က တီရှပ်အဖြူ စတိုင်ပန် ခဲပြါနှင့် သန့်သန့်ပြန့်ပြန့် ကျကျနန စားပွဲတွင် ကော်ဖီထိုင်သောက်နေသည်။

မနက်၉နာရီကျော်သွားပြီဖြစ်သော်လည်း နေ့လည် ၁နာရီမှ ထတတ်သည့် ဥသြ အတွက်တော့ ခပ်စောစော မနက်ခင်းသာဖြစ်သေးသည်။ မဟာ့ အား မြင်လိုက်ရသည်နှင့် ကျက်သရေရှိ မနက်ခင်းလေး အဖြာဖြာပျက်စီးသွားသလို။

ခါချဉ်နှင့် အဆိတ်ခံလိုက်ရသည့် နေရာက တစ်နေရာတည်းဖြစ်သည်မို့ ခုထိ ခပ်စပ်စပ်။ တင်ကိုင်ရတာကြိုက်သည့် ထိုလူ နှာဘူးကောင်သာဖြစ်သည်။

"ကိုယ် အဲ့လောက်ခန့်ညားနေလို့လား။''

မျက်နှာမသစ်သွားမတိုက်ဘဲ သူ့အား လှေကားရင်းမှ စိုက်ကာကြည့်နေသည့် ဥသြ အား မဟာ လှမ်းမေးလိုက်သည်။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now