Part 29💛

1.2K 89 1
                                    

မဟာ မျက်မှောင်ကြုတ်၍ ရုတ်တရက်ဆန်စွာ ထရပ်လိုက်သည်။

"ငါ မပြန်နိုင်ဘူး ရှင့်သွန်း။''

"မင်း တစ်ယောက်တည်းလား။ ဒါပေမယ့် အဖေ...။''

ရန်ကုန်မှ အိမ်စောင့်က အရေးကြီးသတင်းဖုန်းဆက်လာကာ မနက်ကပင် အဖေ နှလုံးရောဂါ ထဖောက်၍ဆေးရုံတင်လိုက်ရကြောင်းသိလိုက်ရသည်။

"အဲ့ အဘိုးကြီး ဘာဖြစ်ဖြစ်ငါမပြန်နိုင်ဘူး။''

"မိုးမဟာ။ မင်းမေ့နေတာလား။ ဒါ ငါတို့နေရာ မဟုတ်ဘူးနော်။ အချိန်တန်ရင်အိမ်ပြန်ရမှာပဲ။ ငါတို့က ဒီမှာ ဧည့်သည်ဆိုတာ မင်းမမေ့နဲ့။''

ရှင့်သွန်း။ သူမ ရဲ့ စကားတွေက မဟာ့ ကို နှိုးလိုက်သလိုပင်။ သူ၏ နှလုံးသားရှိရာ ဤအရပ်ဒေသမှာ သူ၏ အိမ်မဟုတ်ခဲ့။ သူက ဧည့်သည် တစ်ယောက်သာဖြစ်သည်။

မဟာ မှိုင်ကျသွားကာ ခေါင်းအား အုပ်ကိုင်ရင်းပြန်ထိုင်လိုက်သည်။ ရှင့်သွန်း က သူ့ဘေးသွားကာ ပုခုံးအား ဖက်ကာ နှစ်သိမ့်ပေးနိုင်ရန်ကြိုးစားသည်။

"မဟာ။ မင်းသဘောကျနေတဲ့ ကလေး က ဆယ်တန်းတောင်မအောင်သေးဘူး။ ငါတို့ သူ့ကို အချိန်ပေးဖို့လည်း လိုအပ်တယ်လေ။''
###

မဟာ ဥသြ အခန်းရှေ့ရပ်ကာ ဖွင့်ထားသည့် တံခါးအား ခေါက်လိုက်သည်။ စာရေးရင်းနှင့် ဥသြ က မော့ကြည့်လာပြီး ပြုံးကာဖြင့်။

"ခုမှလာပြီး ဝင်ခွင့်တောင်းနေတယ်။ အရင်ကကျ ဝင်ချင်သလ်ုဝင်၊ ထွက်ချင်သလို ထွက်နေပြီး။''

"ကိုယ် က စာရေးနေတဲ့ မင်းလေး အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ။''

ဥသြ က ပြုံးသယောင်ပော်နေသည့် နှုတ်ခမ်း လေးများအား ဆူလျက် ''အပိုတွေ။" ဟုပြောသည်။ မဟာ၊ ဥသြ အား ဆွဲခေါ်ကာ ရွာအပြင်ဘက်ကို လမ်းလျှောက်လာကြသည်။ နေပူနေသော်လည်း သစ်ပင်ရိပ်များရှိသည်မို့ အပူဓာတ်သက်သာသည်။ လယ်ကွင်းများဘက်ကိုရောက်သည့်အခါ လေတဖြူးဖြူးနှင့် အတော်လေးနေလို့ကောင်းသည်။

မေလသို့ရောက်နေပြီမို့ စပါးအကုန်ရိပ်သိမ်း၍ပြီးသွားကြပြီဖြစ်သည်။ စရောက်ခါစက ရွှေဝါရောင် စပါးခင်းများ မဟုတ်တော့။ အချိန်၃လမှာ မျက်စိတစ်မှိတ်အတွင်းနှင့် ကုန်သွားလေပြီ။

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now