Part 12💛

1.9K 171 11
                                    

ဥသြ ဖတ်စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်နေကာ တီးတိုးရေရွတ်လိုက်သည်။

"ဟူး စာတွေက ပျင်းစရာကောင်းလိုက်တာ။''

ဖုန်းသုံးနေတဲ့ မဟာ က ဥသြ ရဲ့ ညီးညူသံကြားတဲ့အခာ ထိုင်နေသည့်ခုံအား သူ့ဘေးရွှေ့လာပြီး ခပ်ပြုံးပြုံးမျက်နှာနှင့် အနားတိုးကပ်ကာပြောသည်။

"ဒါဆို ကိုယ်တို့ အချစ်အကြောင်းဆွေးနွေးကြည့်ကြမလား။''

"ကြက်သီးထဖို့ကောင်းတယ်။ တော်ပါဗျာ။ ကျတော် မြန်မာစာပဲ ကျက်တော့မယ်။''

မဟာ လည်း နောက်ပြန်ဆုတ်ကာ ငြိမ်သွားပြီး ဖုန်းပြန်သုံးနေသည်။ သိပ်မကြာခင် ဥသြ ဆီမှ သက်ပြင်းချသံ ထွက်လာသည်။

"ဟူး မြန်မာစာ။ ကိုယ့်လူမျိုးဘာသာ သာပြောတယ် ခက်ပြီး လုပ်ချင်စရာကို မကောင်းဘူး။''

"ဒါဆို ကိုယ်ရေးထားတဲ့ အချစ်စာလေးတွေ ဖတ်ကြည့်ပါလား။''

မဟာ က ချက်ချင်းပင် ဘယ်ကယူလိုက်မှန်းမသိသည့် သားရေအမည်းရောင်အဖုံးနှင့် စာအုပ်ကို ဥသြ အားပေးလာသည်။ ဥသြ က သူ့ရှေ့က စာအုပ်ကိုတွန်းထုတ်လိုက်ပြီး chemistry စာအုပ်ကို ယူလိုက်သည်။ မဟာ က စာအုပ်ကို လက်နဲ့ဖိကာ ဖွင့်မရအောင်လုပ်လိုက်သည်။

"Chemistry အစား ကိုယ်တို့နှစ်ယောက်ရဲ့ ဓာတ်ပြုမှုအကြောင်းလေ့လာကြမလား။''

ဥသြ မဟာ့ ကို မျက်စောင်းတစ်ချက် ပစ်ကျွေးလိုက်ပြီး Bio စာအုပ်ကိုယူလိုက်သည်။

"Bio အစား ကိုယ့်နှလုံးသားလေး အကြောင်းဆိုရင်ရော။''

"ဝေါ့ ရွံစရာကြီး။ ခင်ဗျား နှလုံးအကြောင်းအစား ဒီစာအုပ်ထဲက အကောင်တွေအကြောင်းကမှ ပိုကောင်းအုံးမယ်။''

"မင်း မလေ့လာကြည့်ရသေးလို့ပါ။''

"ဟင့်အင်း။ လေ့လာချင်စိတ်ကိုမရှိတာ။''

ဥသြ bio အစား physics ပြောင်းလုပ်ရန် တွေးလိုက်မိသည်။ သူက physics အားနည်းသည်ဆိုတော့ ပိုဖိလုပ်သင့်သည်။ နာရီဝက်မပြည့်သေးသည့်အချိန်မှာတင် physics ပုဒ်စာတွေကြားသူငိုချင်သွားသည်။

"ဟာကွာ။ physics ကိုမုန်းလိုက်တာ။''

"Physics ကို မုန်းလို့ရပေမယ့်၊ ကိုယ့်ကိုတော့ မမုန်းလိုက်ပါနဲ့နော်။''

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Where stories live. Discover now