Part 6💛

2.3K 177 2
                                    

ကန်သင်းရိုး ခြုံပုတ်နောက်မှ ချောင်းနေတဲ့ မဟာ ချက်ချင်း ခုန်ထွက်လာပြီး ကုလား အား တင်ပစ်ကာ ရပ်နေသည့် ဥသြ အား ပင့်ချီကာ ပခုံးပေါ်တင်လိုက်သည်။

ကုလား အား လျှပ်စီးများထွက်နေသည့် သတိပေး အကြည့်ဖြင့်ကြည့်ကာ ဥသြ အားထမ်းပိုးရင်းထွက်သွားသည်။ လယ်ကွင်းထဲက တက်လာသည်မို့ ရွှံပေနေသည့် ဥသြ ခြေထောက်များက မဟာ့ တီရှပ်အဖြူ ပေါ် စွန်းထင်ကုန်သည်။

လှုပ်ရမ်းကာ ရုန်းကန်နေသည့်အခါ ရွှံစ့က်တွေက မဟာ့ မျက်နှာအနှံ့။

"ငြိမ်ငြိမ်နေစမ်း။''

"ခင်ဗျား လူယုတ်မာ ကျုပ်ကိုလွှတ်ပေး။''

"မလွှတ်ဘူး။ ကိုယ့် တပည့်ကို ကာကွယ်ရမှာ ဆရာ့တာဝန်ပဲ။''

"ကျတော့်ကို ကျူးလွန်နေတာ ခင်ဗျားကြီးပဲလေ။''

"ဟင် ကိုယ်ဘာတွေ ကျူးလွန်နေတာလဲ။''

ဥသြ ပါးစပ်မှ ထုတ်ကာ ပြောလိုက်ချင်သော်လည်း နီတက်လာသည့် မျက်နှာနှင့်အတူ ရှက်စိတ်ကြောင့် စကားလုံးများထွက်မလာ။

ရွာထဲမှ လူများရဲ့ စူးစူးစိုက်စိုက် အကြည့်များနှင့်အတူ၊ မဟာ အပြစ်ပြောမခံရဘဲ၊ ဥသြ သာလျှင် တပည့်ဆိုးဖြစ်သွားရသည်။

"ဟယ် နွေဥသြ အဲ့ကောင်လေး ဘာလုပ်လို့ ဆရာလေး ထမ်းခေါ်လာရတာလဲ မသိဘူး။''

အပြစ်မရှိသည့် ဥသြ စိတ်အချဉ်ပေါက်လာသည်။ ခြေထောက်ကို ပိုအားစိုက်ရုန်းလိုက်သည့်အခါ ခွပ်ဆိုသည့် အသံနှင့်အတူ မဟာ့ မေးစေ့အား ထိတိုက်သွားသည်။

လူအများအရှေ့မို့ ဥသြ ကပင် ဗီလိန်ဖြစ်ရပြန်လေပြီ။

အသံကျယ်သည်မို့ အတော်လေး နာသွားပုံ။ ဥသြ ရုန်းကန်နေရာက ငြိမ်ကျသွားသည်။ မဟာ အား အနည်းငယ် အားနာမိသွားသယောင်။

"ခင် ခင်ဗျား အဆင်ပြေရဲ့လား။''

မဟာ က ခေတ္တမျှရပ်လိုက်ကာ ဘာမှဆက်မပြောဘဲ ရှေ့ဆက်လျှောက်သွားသည်။ ထိုတုံပြန်မှုက အနည်းငယ် ကျောချမ်းစရာ။ ပတ်ဝန်းကျင်မှ စကားသံများကလည်း ''ဆရာလေး အတော်စိတ်ဆိုးသွားပြီထင်တယ်။ နွေဥသြ ကလည်း တော်တော်ဆိုးတာပဲ။''

အကြင်နာဝေသောနွေ(အကြင်နာဝေသောနွေ) Complete Unde poveștirile trăiesc. Descoperă acum