Part 28(Unicode)

1K 127 28
                                    

"မင်္ဂလာပါ ညီလေး၊ညီမလေးတို့...
အစ်ကို့နာမည်က ရောင်နီလွင်ဦးပါ။
အစ်ကိုက မင်းတို့ရဲ့စာသင်ကြားမှုမှာ
နားမလည်တဲ့ ဘာသာရပ်တွေရှိရင် ရှင်းပြပေးဖို့နဲ့ သင်ပြီးသားစာတွေကို ပြန်မေးပေးတာ၊ စာမေးပွဲစစ်တာတွေ လုပ်ပေးဖို့ အဓိက တာဝန်ယူထားပါတယ်။ နောက်ဆိုရင်တော့ ဒီကိုယ်ပိုင်ကျောင်းကြီးရဲ့ ဆရာတစ်ယောက်ဖြစ်လာမှာပေါ့။ အခုတော့ ညနေခင်းစာသင်စာကျက်ဝိုင်းရဲ့ ဂိုက်တစ်ယောက်အနေနဲ့ပဲ အရင် မိတ်ဆက်ထားပါရစေ"

ကျောင်းသားအများကြီးရှေ့ ရပ်နေရတဲ့
အတွေ့အကြုံက ပထမဦးဆုံးမို့ ရောင်နီရင်တွေခုန်နေသည်။  နုသစ်ပျိုမြတဲ့ ငယ်ရွယ်သူလေးတွေက ရောင်နီ့ကို ငေးနေကြတာ စိတ်ဝင်တစား...။ စာသင်ချင်တယ်ဆိုတဲ့ အိပ်မက်ကို ပြောပြတုန်းက ခိုင်မြဲက ရောင်နီ့ကို မေးခဲ့ဖူးသည်။

"ဘာဖြစ်လို့ မင်းနဲ့သက်ဆိုင်တဲ့နယ်ပယ်က တက္ကသိုလ်ကျောင်းသားတွေကိုမဟုတ်ဘဲ အထက်တန်းကျောင်းသားတွေကိုမှ သင်ချင်တာလဲ"တဲ့။

အဲ့ဒီတုန်းက ရောင်နီ ဘယ်လိုပြန်ဖြေဖြစ်ခဲ့သလဲ။
ယခင်ကတည်းက ရှိနေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် အလိုမကျမှုအတွက် ရောင်နီ ပေးမိတဲ့အဖြေက
"သူတို့လေးတွေရဲ့ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုမှာ ရွေးချယ်မှုမမှားအောင် တတ်နိုင်သမျှ ကူညီလမ်းပြပေးချင်လို့"ဟူ၍ပင်။ စာမေးပွဲအောင်ဖို့၊ ဂုဏ်ထူးတွေရဖို့ အားထုတ်ရုံသက်သက်မဟုတ်ဘဲ ကိုယ်ပျော်ရွှင်နိုင်မယ့်လမ်းတွေကို မြင်တတ်ဖို့ပါ အတွေ့အကြုံတွေ မျှဝေပေးချင်ခဲ့ခြင်းဖြစ်သည်။

ပထမဆုံးနေ့ကစပြီး
သက်ဆိုင်ရာ ဘာသာရပ်အတွက် စာသင်ချိန်တွေ
ပြီးဆုံးတိုင်း ရောင်နီ့အတွက် အချိန်သုံးနာရီရတဲ့အထဲက အိမ်မပြန်ခင် နာရီဝက်ခန့်လေးမှာ ကျောင်းသားတွေနဲ့ စကားပြောဆွေးနွေးကြတာကို ပုံမှန်လုပ်ပေးဖြစ်သည်။ ဖြစ်ချင်တဲ့အရာတွေ၊ သဘောကျတဲ့ဝါသနာတွေ သေးသေးမွှားမွှားလေးကအစ တစ်ယောက်ချင်းစီပြောသမျှ သေချာနားထောင်ပေးဖြစ်ပြီး ထိုအရာတွေနဲ့ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ဗဟုသုတအနေနဲ့ ပြောပြဖြစ်သည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Where stories live. Discover now