Part 26(Unicode)

1K 126 14
                                    

"ငါ သူ့ကို မင်းနဲ့လည်း တစ်ခေါက်ဆုံပေးပါဦးမယ်"

"အေးပါ ငါ့သူငယ်ချင်းရဲ့နှလုံးသားကို အပိုင်ယူသွားသူကြီးကို တွေ့မှပဲသေချာကြည့်ရဦးမယ်"

"ကြည့်...ကြည့်"

မော့ချမိတဲ့ သစ်သီးစုံကော့တေးတစ်ခွက်မှာ ခါးသက်ခြင်းတွေမပါ။ ရှတသစ်လွင်သော ချိုမြိန်မှုနှင့်အတူ
ဆည်းဆာလိမ္မော်နီတွေကြား ပန်းနုဖျော့ဖျော့ လွှမ်းနေခဲ့သော သူ့အပြုံးများ...။

"ကျွန်တော် ပြန်မသွားတော့ဘူးအစ်ကို"

သက်ဆိုင်သူရဲ့နှုတ်ထွက်စကားက ကတိတစ်ခုသဖွယ်။ ဆုံစည်းခြင်းအထိမ်းအမှတ်အဖြစ် နွေးထွေးစွာ နူးညံ့ခဲ့သော ပွေ့ဖက်ခြင်းတို့သည်လည်း အနာဂတ်မှာ နီးစပ်မှုတွေသာ ရှိတော့မည်ဖြစ်ကြောင်း သက်သေခံကြပြန်သည်။ အခွင့်အရေးနှင့်လွဲချော်ပြီး အခက်အခဲများပါ ထပ်မံကြုံတွေ့ခဲ့ရလို့ ရောင်နီ့အနား ပြန်ရောက်လာစေခဲ့တဲ့ ကံကြမ္မာကိုပဲ ကျေးဇူးတင်သင့်သလား။ ဘဝဇာတ်ခုံမှာ ကျရာနေရာသရုပ်ဆောင်ရင်း ရှင်သန်ရပ်တည်ရာ မှေးမှိန်သွားရပြန်သူအတွက် စိတ်မကောင်းဖြစ်မိသည့် တစ်ဖက်မှာ ချစ်ရသူရဲ့ဘဝကို ရောင်နီကိုယ်တိုင် ပြောင်းလဲပေးချင်စိတ်ဖြင့် အားအင်သစ်များ
နိုးကြွရသည်။

"အင်း...မသွားနဲ့တော့။ ဒီမှာပဲ ကိုယ်နဲ့နေပြီး ကိုယ့်ထက်ပိုတော်တဲ့လူတစ်ယောက် ဖြစ်လာပေးပါ"

"ကျွန်တော်က အစ်ကို့ထက်တော်မှာ...။ ရန်ဖြစ်တဲ့နေရာမှာလား"

သူ့စကားနှင့်သူ သဘောကျပြီးရယ်နေရှာသူ။ မကျေနပ်မှုအနည်းငယ် မှေးခိုသည့်မျက်ဝန်းများဖြင့် ရောင်နီငေးတော့ "စတာပါ"ဟု ပြန်ဖြေရင်း စိတ်မဆိုးရက်အောင် ချော့မော့ခဲ့သူ...။

"ကိုယ်အကောင်းပြောတာ။ မင်းကိုယ်မင်း မမှတ်မိတော့တဲ့အထိ တော်တဲ့လူတစ်ယောက်ဖြစ်လာအောင် ကိုယ်လုပ်ပေးမယ်။ လုပ်ပေးမှာမို့ ဘယ်နေရာကိုမှ ထပ်ထွက်မသွားနဲ့တော့..."

"အစ်ကိုနှင်ထုတ်ရင်တောင် မသွားတော့ဘူး စိတ်ချ..."

ထိုအချိန်ကစပြီး သူတို့နှစ်ယောက်ရဲ့
အနာဂတ်အတွက် ရောင်နီ့အိပ်မက်များက အရှိန်အဟုန်ပြင်းစွာ အသက်ဝင်လာခဲ့သည်။ ရောဘတ်ဆိုးကို ဆယ်တန်းပြန်ဖြေဖို့ လှုံ့ဆော်ရင်းနဲ့ ရောင်နီကိုယ်တိုင်လည်း ပန်ဒိုရာလက်အောက်မှ ခွဲထွက်မည်။ နှလုံးအထူးကုဆရာဝန်တစ်ယောက်အဖြစ်မှ ရောင်နီ သဘောကျရတဲ့ စာသင်တဲ့အလုပ်ဆီ ခြေလှမ်းပြောင်းမည်။ထိုဝါသနာနှင့်ဆက်စပ်ပြီး​ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း တည်ထောင်မည်ဆိုသည့် အိပ်မက်မျိုးစေ့တစ်ခုပါ ရင့်သန်လာခဲ့ရင်းမှ ခိုင်မြဲနှင့် စကားစပ်မိကာ
ခိုင်မြဲအဒေါ်ရဲ့ ကိုယ်ပိုင်ကျောင်းသစ်ကြီးမှာ ရောင်နီက ရှယ်ယာဝင်သူတစ်ဦးဖြစ်လာခဲ့သည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Tempat cerita menjadi hidup. Temukan sekarang