Part 2(Unicode)

1.6K 146 4
                                    

"မမ ကျွန်တော်ပြန်တော့မယ်"

"ပြန်တော့မှာလား။ ခဏနေဦး မမ ကိုသက်ကျော်ကို သွားခေါ်လိုက်ဦးမယ်"

"ဗျာ...ဘာလုပ်မလို့လဲ"

"ပြန်ပို့ခိုင်းမယ်လေ။ ဆယ်နာရီတောင်ထိုးနေပြီ။ ကားလည်းမပါတော့ တက္ကစီနဲ့ဆိုရင် စိတ်မချလို့...။ စောင့်နေနော် ဘယ်လောက်မှ မကြာဘူး"

"ရ...."

နွေနီလွင်ဦးက ပြောပြောဆိုဆိုနှင့်
ရောင်နီ့ရှေ့က ထွက်သွားလေပြီ။ စိတ်မြန်လက်မြန်
ရှိလှတဲ့ အစ်မလုပ်သူက သူ့အပြောပင်မစောင့် အပေါ်ထပ်လှေကားထစ်တွေကို အိပဲ့အိပဲ့နင်းရင်း ယောကျ်ားဖြစ်သူကို သွားခေါ်သည်။ တစ်ခါတလေကျရင် ရောင်နီ သူ့ကိုယ်သူ အသက်သုံးဆယ်ပြည့်ဖို့ နှစ်ဘယ်လောက်မှ မလိုတော့တဲ့ ယောကျ်ားတစ်ယောက်လို့ မခံစားရဘဲ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက် ဖြစ်နေသလိုသာ ခံစားရသည်။ မာမီရော၊ မမရောက သူ့ကို အခုချိန်ထိ ကလေးတစ်ယောက်လို စိတ်ပူနေကြတုန်းလေ။

ခဏကြာတော့ လင်မယားနှစ်ယောက် သုတ်သုတ်သုတ်သုတ်နဲ့ အပေါ်ထပ်ကနေ ပြန်ဆင်းလာကြသည်။ ဆင်းလာတဲ့ တစ်လျှောက်လုံးလည်း မမမှာသမျှကို ကိုသက်ကျော်က ခေါင်းတညိတ်ညိတ်...။ ဟိုးအရင်ကတည်းကလည်း ရောင်နီ​ကျောင်းတက် နေတဲ့အချိန် သူ့ရဲ့ကျောင်းသွား၊ကျောင်းပြန် အပို့အကြိုကို ဒယ်ဒီမအားရင် ယောက်ဖကပဲ ကြိုပို့လုပ်ပေးခဲ့တာ...။ အဲ့ဒီတုန်းက ငယ်တဲ့အရွယ်ဆိုပေမယ့် အခုကျတော့ ဒီလိုခိုင်းရတာမျိုးကို ရောင်နီအားနာတတ်နေပြီ။

"မမကလည်းဗျာ...တက္ကစီနဲ့ပြန်လို့ရပါတယ်ဆို။
ကိုကျော့်ကို သက်သက်အားနာစရာ..."

"ဒီလူနဲ့ဒီလူ အားနာစရာလား လွင်ဦးရဲ့။
နောက်ဆိုရင် အစ်ကိုတို့က ဒီထက်ပိုရင်းတော့မှာပဲ"

ကိုသက်ကျော်စကားကို မမက အားရပါးရ
ရယ်ခဲ့ပေမယ့် ရောင်နီ မရယ်နိုင်...။ ထိုကဲ့သို့ ကြားလိုက်ရတိုင်း သူ့နှလုံးသားထဲမှာ တင်းကြပ်သွားသလိုသာ ခံစားရမြဲဖြစ်သည်။ လမ်းရောက်တော့လည်း ကိုသက်ကျော်က သူ့တူမနဲ့ ရောင်နီ့ရဲ့အခြေအနေကို မသိမသာ မေးလာခဲ့သေးသည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Where stories live. Discover now