Part 24(Unicode)

1K 128 13
                                    

"သား...ခင်ယွန်းကို သေချာပြန်ပို့ခဲ့လား"

ခပ်နှေးနှေး ခြေလှမ်းတွေက ဒယ်ဒီမာမီတို့ရှေ့ ခေတ္တရပ်တန့်ခဲ့သည်။ သူ သေချာတုံ့ပြန်ပေးခဲ့သည် ထင်သော်လည်း "မင်း,သား ဘာဖြစ်လာတာလဲ"ဟု မေးနေသော ဒယ်ဒီ့အသံကိုသာကြားလိုက်ရ၏။
စိတ်နဲ့ကိုယ် မကပ်တဲ့ အခြေအနေမှာ ရောင်နီကိုယ်တိုင်လည်း ဘယ်လိုတုံ့ပြန်ဖြစ်ခဲ့သည် ပြန်စဥ်းစားမရ။ လှေကားထစ်ပေါင်းများစွာဖြတ်ကျော်အပြီး ကိုယ်ပိုင်အခန်းထဲရောက်ကာမှ သူ့စိတ်တွေကို လွှတ်ချပေးလိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံးဟာ မွေ့ရာအိအိပေါ်
ဝုန်းခနဲပြိုကျသွားခဲ့ကာ မျက်လုံးတွေကတော့ လျှပ်စစ်မီးရောင်ဖြာနေတဲ့ မျက်နှာကျက်ပေါ်ကို လူသေကောင်လိုငေးသည်။

"ဘာဖြစ်လို့လဲဆိုတော့ ငါက ဂေး...."

သူ ထိုကဲ့သို့ပြောလိုက်ချိန်မှာ ခင်ယွန်းသက်မျက်လုံးထဲ အရောင်တွေစုံသွားခဲ့သည်။ မယုံကြည်နိုင်ခြင်း၊ အံ့ဩမှင်သက်ခြင်းတို့အပြင် အထင်အမြင်သေးခြင်းတွေပါ ပါနေဦးမလား...။ မဖြေချင်တဲ့မေးခွန်းတွေကို ထပ်မမေးတော့သည့်အတွက် ကျေနပ်မိသော်လည်း စကားသံတွေ တိတ်ဆိတ်သွားတဲ့ အိမ်ပြန်လမ်း တစ်လျှောက်ကတော့ နိုးနေလျက်နှင့်မက်သော
အိပ်မက်ဆိုးတစ်ခုလိုပင်။

ခန္ဓာကိုယ်က အလိုအလျောက်
တုံ့ပြန်စနစ်အတိုင်း ရွေ့လျားနေသော်လည်း
အရာအားလုံးကို ခံစားသက်ဝင်နေမိတဲ့ အသိစိတ်ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလေးအတွင်းမှာ တစ်ခုခု ချို့ယွင်းပျက်စီးသွားခဲ့သလို....။

အခုအချိန်ကနေစပြီး ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ။
အတွေးတွေက ကစဥ့်ကလျား ရောထွေးကုန်ကြကာ ပစ္စုပ္ပန်အချိန်လေးကပင် သူ့ကို အသက်ရှူကြပ်စေသည်။ ထိုနေ့ညက ရောင်နီ ရေမချိုးဖြစ်။ နဂိုအသန့် ကြိုက်တတ်သူက​ ချွေးစော်နံနေတဲ့ အဝတ်အစားတို့ကို မလဲဖြစ်ခဲ့ဘဲ မွှေးရနံ့လွှမ်းနေတဲ့ မွေ့ရာပေါ်မှာ စိတ်ရှိလက်ရှိ လူးလိမ့်ခဲ့သည်။

မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့လို့
နိုးလာတဲ့အချိန်မှာ သူ့ခေါင်းတစ်ခုလုံး အုံခဲနေသည်။ ဒီနေ့...ဆေးရုံသွားလို့ရော ဖြစ်ပါ့မလား။ ညကတည်းက ဝတ်ထားတဲ့ အဝတ်အစားတွေကိုလည်း မလဲရသေး။ နာရီကြည့်လိုက်တော့ ရှစ်နာရီခွဲပြီးနေပြီ။ ပုံမှန်ဆို သူကရှစ်နာရီအတိဆို အိမ်ကထွက်နေကျ...။
မာမီရော အခန်းတံခါး လာခေါက်သေးလား။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Where stories live. Discover now