Part 1(Unicode)

3.7K 201 2
                                    

"သေလိုက်ပါလားကွာ...လူပြတ်တဲ့နေရာကျမှ ကားလာပျက်ရတယ်လို့"

ဒေါသစွက်တဲ့ရေရွတ်သံက
ကတ္တရာလမ်းကျယ်ပေါ်မှတဆင့် လိမ္မော်နီရောင် ပတ်ဝန်းကျင်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ကားစက်ဖုံးကြီးဖွင့်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေမိတာကလည်း ဆယ်ငါးမိနစ်ခန့်လောက်ရှိပြီ။ ကားက ဆီကုန်တာလည်း မဟုတ်၊ ဘယ်နေရာကဘယ်လို ချို့ယွင်းမှန်းမသိဘဲ ရုတ်တရက် ထိုးရပ်သွားတာမို့ ကားပြန်ရွေ့ဖို့ဆိုတာ သူ မတတ်နိုင်တဲ့ အခြေအနေတစ်ခုသို့ ရောက်သွားပြီ ဖြစ်ကြောင်း ရောင်နီ သဘောပေါက်လိုက်၏။

ဒီလိုဆိုမှတော့ မတတ်နိုင်တော့...။ သူ တစ်ယောက်ယောက်ကို ဖုန်းဆက်ပြီး ကားလာဆွဲခိုင်းဖို့သာ ရှိတော့သည်။ ညနေစောင်းဖြစ်တဲ့အပြင် လူပြတ်တဲ့ ပတ်ဝန်းကျင်မှာ ရောက်နေတာမို့ သူ့ရဲ့လုပ်ဆောင်မှုတွေက အလျင်လိုနေသည်။ အရင်ဦးဆုံး သူစာသွားသင်ပေးရမည့် အိမ်ကို သူရောက်တာနောက်ကျမည်ဖြစ်ကြောင်း ဖုန်းဆက် အကြောင်းကြားထားလိုက်ရသည်။ ပြီးမှ သူပြင်နေကျ ကားဝပ်ရှော့ဆီ ဖုန်းလှမ်းဆက်ပြီး ကားလာယူပေးဖို့ အကူအညီတောင်းရသည်။

ဝပ်ရှော့က,လူ ရောက်လာဖို့က တစ်နာရီကျော်ကြာဦးမှာဖြစ်တဲ့အတွက် သူ့ကားကို ဒီနေရာမှာပဲ ထားခဲ့ပြီး စာသင်တဲ့အိမ်ကို သွားလိုက်ဖို့သာ စဥ်းစားရတော့သည်။ တက္ကစီငှားဖို့ ဘေးဘီဝဲယာကို ကြည့်တော့လည်း တက္ကစီနဲ့တူတာ ဘာတစ်ခုမှမတွေ့...။ လူနေအိမ်ခြေတွေက ဒီလမ်းရဲ့ နှစ်ရပ်ကွက်အလွန်မှာသာ ရှိတာမို့ ညနေစောင်းဆို ဖြတ်သွားဖြတ်လာ ကားတွေက မရှိသလောက်ပင်။ တက္ကစီတွေ့ဖို့ဆို လမ်းအဆုံးထိ လျှောက်သွားရဦးမည်။

မျက်စိတဆုံးရှည်လျားနေတဲ့ ကတ္တရာ
လမ်းရှည်ကြီးကို မျှော်ကြည့်မိတော့ ရောင်နီ သက်ပြင်းမောတွေချည်း အလိုအလျောက် ရှိုက်ထုတ်မိသည်။ ကားက ရုတ်တရက်ကြီး ထိုးရပ်သွားခဲ့လို့ စိတ်ညစ်တာရော၊ တက္ကစီရှာတွေ့ဖို့ အဝေးကြီး လမ်းလျှောက်ရမှာကြောင့်ရော ခြေလှမ်းတိုင်းမှာ ညည်းညည်းညူညူ ခံစားချက်တွေနဲ့
ပြည့်နှက်လာသည်။ ဒီကြားထဲ ကန်ဘောင်နားရောက်တော့ အရက်ထိုင်သောက်နေတဲ့ လူသုံးယောက်နဲ့တိုးသည်။ နဂိုသွက်သွက်လှမ်းနေတဲ့ခြေလှမ်းတွေက ထိုလူသုံးယောက် သူ့ကိုလှည့်ကြည့်လိုက်တာမြင်သည်နှင့် အပြေးတစ်ပိုင်း မဖြစ်ရုံတမယ် မြန်ဆန်လာတော့သည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Opowieści tętniące życiem. Odkryj je teraz