Part 10(Zawgyi)

271 13 0
                                    

"Gay"ဆိုသော အင်္ဂလိပ်အက္ခရာသုံးလုံးနှင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် အဓိပ္ပာယ်လေးတစ်ခုက ရောင်နီ့laptop screenပေါ်က google search boxထဲတွင် ခပ်ထင်းထင်း ပေါ်နေဆဲဖြစ်သည်။ ထိုစကားလုံးလေးတစ်ခုရဲ့ ဆွဲအားက ရောင်နီ့ကို အချိန်အတော်ကြာသည်အထိ laptop screenပေါ်မှလွဲ၍ အခြားမည်သည့်နေရာကိုမှ မကြည့်မိအောင် ညှို့ယူထားနိုင်သည်။

သူ့အသက်နှစ်ဆယ့်ခုနှစ်နှစ်တာအတွင်း
ထိုစကားလုံးလေးကို သူ့ပတ်ဝန်းကျင်မှာ ကြိမ်ဖန်များစွာလည်း ကြားခဲ့ဖူး၊ အဓိပ္ပာယ်ကိုလည်း သေချာသိနေလျက်နှင့် ဘာကြောင့်များ ယခုကဲ့သို့ ရူးကြောင်ကြောင် ရှာဖွေခြင်းမျိုးဖြင့် ကိုယ့်စိတ်ကိုယ် ဒုက္ခပေးနေမိမှန်းမသိ။ သေချာတာကတော့ သူ ထိုစကားလုံးလေးအကြောင်းကို ကြားခဲ့ဖူးတဲ့အချိန်၊ သိခဲ့ဖူးတဲ့အချိန်တိုင်းက တခြားသူတစ်ယောက်ယောက်နဲ့သာ ပတ်သက်ခဲ့၍ဖြစ်မည်။

မိမိဟာ ဂေးတစ်ယောက်ဖြစ်ပါကြောင်း
ဖွင့်ဟဝန်ခံလာတဲ့ သူငယ်ချင်းတွေ၊ ဆိုရှယ်မီဒီယာပေါ်မှာ မကြာခဏ ထွက်ပေါ်လာတတ်တဲ့ လိင်တူချစ်သူ​တွေ...။ ဒီလိုအကြောင်းအရာတွေနဲ့ မတော်တဆကြုံကြိုက် တွေ့ဆုံရတိုင်း သူဟာလည်း ခေတ်လူငယ်တစ်ယောက်ပဲမို့ အမြင်ကျဉ်းတာတွေ၊ ကျယ်တာတွေကို ဘေးချိတ်ပြီး လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုအတိုင်းသာ လက်ခံပေးတတ်ခဲ့သူ။

သို​ပေမယ့် ယခုလို အခြေအနေမျိုးမှာကျ...။
ပြောရမယ်ဆို... သူ့ဘဝတစ်လျှောက်လုံး
အချစ်ရေးရာကိစ္စနဲ့ ပတ်သက်လျှင် ရှုပ်ရှုပ်ပွေပွေ ဘာတစ်ခုမှ မရှိခဲ့ဘဲ သာမန်ဆန်ဆန် ရှင်သန်နေထိုင် လာခဲ့ပြီးမှ သူလည်း ယောကျာ်းတစ်ယောက်ကို သဘောကျနိုင်တယ်လို့ သိလိုက်ရတဲ့အ​ခြေအနေမျိုးမှာကျ...
"ငါက ဂေးပါ"လို့ ဝန်ခံခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို နှစ်သိမ့်ခဲ့သလို "ငါ မင်းကို နားလည်တယ်သူငယ်ချင်း"
ဆိုပြီး သက်ပြင်းလေးရှိုက်မိရုံလောက် လွယ်လွယ် ပြောထွက်နိုင်တာမျိုး မဟုတ်တော့ဘူး။

သူက ဘယ်လိုပဲ တခြားသူတစ်ယောက်ရဲ့
ခံစားချက်ကို မျှဝေခံစားပေးနိုင်ခဲ့ပါတယ်ပဲပြောပြော ကိုယ့်ကိုယ်ကိုယ်နဲ့ ရင်ဆိုင်လိုက်ရတဲ့ အခိုက်အတန့်မှာ "ဘယ်လိုဖြစ်ရတာလဲ"ဆိုတဲ့ မေးခွန်းတွေကိုပဲ အညှာအတာကင်းမဲ့စွာ ထပ်ခါထပ်ခါမေးနေမိပြီး သူ့ရဲ့ရိုးရှင်းနေတဲ့ ဘဝကြီးတစ်ခုလုံးက အမြစ်ကနေ ဆွဲလှန်ခံလိုက်ရသလို လှုပ်ခါပြိုပျက်သွားရတော့တာပဲ။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Dove le storie prendono vita. Scoprilo ora