Part 14(Unicode)

1K 121 8
                                    

"ဒါဆို...ကိုယ် ပြန်လိုက်တော့မယ်လေ။ ဖက်တီးအဖေနဲ့ပတ်သက်ပြီး ဆရာဝန်ကြီးတွေနဲ့လည်း သေချာပြောပြီးသွားပြီ။ ဖက်တီးအတွက်လည်း လိုအပ်တာတွေ စီစဥ်ပေးထားခဲ့တယ်။ အကယ်၍ အဆင်မပြေတာရှိရင် ကိုယ့်ဆီဖုန်းဆက်​လိုက်လေ။ ဒီနေ့လိုမျိုး ဆေးရုံမှာတော့ လာမသောင်းကျန်းနဲ့။ နောက်တစ်ခါဆိုရင် ခွင့်လွှတ်တော့မှာမဟုတ်ဘူး"

ပါးစပ်ကသာ ခွင့်မလွှတ်ဘူးပြောနေပေမယ့် သူ့မျက်နှာကတော့ ခပ်ပြုံးပြုံးပင်ဖြစ်သည်။ သူ့အမှားသူသိဟန်နဲ့ ခေါင်းအနောက်ဘက်ကို လက်ကုတ်ပြုံးနေတဲ့ ရောဘတ်ဆိုးကြောင့်လည်း ရောင်နီ့အပြုံးတွေက ဖက်တီးရှေ့ပင်မရှောင် လရောင်ဆမ်းထားတဲ့ ပန်းလေးတစ်ပွင့်လို ရွှန်းရွှန်းစိုစို
ဖြစ်နေခဲ့သည်။ ဖက်တီးက "ကျေးဇူးတင်ပါတယ်"လို့ လှမ်းပြောလိုက်တာကိုလည်း ပထမတစ်ခါတည်းနဲ့ သူမကြားခဲ့...။

ရောဘတ်ဆိုးက "ကျေးဇူးတင်တယ်လို့ ဖက်တီးပြောနေတယ်" ဆိုတော့မှ သူ့ရှေ့က ကောင်လေးဆီကနေ ချောင်းဟန့်ရင်း မျက်နှာလွှဲလိုက်ရသည်။

သူ့အမူအရာတွေက အရမ်းကို သိသာနေခဲ့ပြီလား။

ကြိုက်မရှက်၊ငိုက်မရှက်ဆိုတဲ့အတိုင်း... ရောဘတ်ဆိုးရှေ့ရောက်သွားတိုင်း ညှို့ယူခံလိုက်ရတဲ့ နှလုံးသားတစ်စုံက အချိန်ခဏလေးအတွင်းမှာပဲ သူ့အကြည့်နဲ့ အပြုံးတွေကို မထိန်းချုပ်နိုင်အောင် ဖြစ်စေနေပြီ။ ယောကျ်ားတစ်ယောက်အပေါ် စိတ်လွတ်ကိုယ်လွတ် ငေးမိသည်ဆိုတဲ့အတွေးမျိုး သူဘယ်တုန်းကမှ မတွေးဖူးခဲ့ပါဘဲ ဒီလို ဂျစ်တူးကောင်လေးနဲ့ကျမှ သူ့ပုံစံက ဆယ်ကျော်သက်လေး တစ်ယောက်လို ခံစားချက်တွေကို ဘေးလူတွေပါ မြင်သာစေနိုင်တဲ့အထိ ရင်ခုန်စိတ်လှုပ်ရှားနေခဲ့သည်။
ယောကျ်ားတစ်ယောက်ကိုမှ ချစ်မိသွားတယ်လို့ လက်မခံနိုင်သေးခင်မှာတင် သူဟာ ထိုယောကျ်ားရဲ့ မကောင်းသောအပြုအမူတွေအပေါ် နားလည်သည်းခံပေးဖို့ အသင့်ဖြစ်နေခဲ့သည်။

အချစ်ဆိုတဲ့အရာက တကယ်ကိုပဲ ထူးဆန်းပါရဲ့...။

"ကျောင်းကိုရော ခွင့်တိုင်ပြီးပြီလား"

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Where stories live. Discover now