Part 12(Unicode)

1K 124 0
                                    

ရောင်နီလွင်ဦးရဲ့ suzukiအဖြူရောင်လေးက
ကားအကောင်းစားတွေချည်း ရပ်ထားတဲ့ စားသောက်ဆိုင်ဝန်းထဲသို့ ဖြည်းဖြည်းချင်း လှိမ့်ဝင်လာသည်။ ညက်ညောဖြောင့်ဖြူးနေတဲ့ ကတ္တရာခင်းလမ်းက ကားဘီးလှိမ့်သံကိုပင်
မကြားစေရ။ သူတို့စီးလာတဲ့ ကားကပဲ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိလွန်းနေတာလား၊ ကားမောင်းသူကပဲ ကျွမ်းကျင်လိမ္မာလွန်းတာလား မသိပေမယ့် ထိုကားအကောင်းစားကြီးထဲ တိတ်တဆိတ် ထိုင်လိုက်လာခဲ့ရင်း မှန်ပြတင်းပေါက်တွေများတဲ့ အဆင့်အတန်းမြင့်မြင့် အဆောက်အဦးကိုပါ ရောဘတ်ဆိုးတစ်ယောက် တမေ့တမော
ငေးလာမိသည်။

"သွားမယ်လေ ကိုယ်ဗိုက်ဆာနေပြီ"

ခေါ်တဲ့သူကခေါ်နေပေမယ့် ဒီလိုနေရာတွေဆိုတာက သူတစ်ခါမှ ခြေဦးမလှည့်ဖူးတဲ့ နေရာမျိုးတွေဖြစ်သည်။ သူ့တစ်ဘဝလုံး အစားအသောက်ကို ဈေးကြီးပေးပြီး ဝယ်စားဖို့ တစ်ခါလေးသော်မှ မတွေးခဲ့ဖူးဘဲ ကြုံတဲ့နေရာမှာ ကြုံသလိုစားလာခဲ့တဲ့ ရောဘတ်ဆိုးအတွက်တော့ ဒီလို ကိန်းကြီးခမ်းကြီးနိုင်လွန်းလှတဲ့ နေရာမျိုးတွေကို ပင်ကိုဗီဇအရ ဝေးဝေးကပဲ ရှောင်ရှားခဲ့သည်။ သူ့မှာ ပြောစရာရှိနေ၍သာ ရောင်နီလွင်ဦးခေါ်တဲ့နောက် ဘာတစ်ခွန်းမှမပြောဘဲ လိုက်လာခဲ့ရသော်လည်း စိတ်ကတော့သိပ်မကြည်။

သူ့စိတ်အတိုင်းသာဆို တစ်နေရာရာမှာ
ကားရပ်ပြီး ကားပေါ်မှာဖြစ်ဖြစ် ပြောလိုက်ချင်သည်။ နေမထိသူဌေးသားက "ညနေ​စာသွားစားရင်း ပြောမယ်" ပြောလာ​တော့ သူ ထိုအမျိုးသားကိုငဲ့ပြီး ငြိမ်နေခဲ့ခြင်း ဖြစ်ပေမယ့် ကားပေါ်က ဆင်းရမယ်ဆိုတော့လည်း ပေထိုင်နေမိပြန်၏။ ဆေးရုံမှာတုန်းကလည်း ပြဿနာရှာခဲ့သေးတဲ့သူ့ကို ဒီလူ ဘာကြောင့် စိတ်ရှည်နေမှန်းမသိ။ သူ့စကားကို နားထောင်ဖို့အတွက်များ ဈေးကြီးတဲ့ စားသောက်ဆိုင်ကိုပါ ခေါ်လာလိုက်သေးသည်။

"ဘာဖြစ်လို့လဲ ဘတ်ဆိုး။ ဒီဆိုင်မှာ
မစားချင်လို့လား။ ကိုယ်က ကိုယ်စားနေကျနေရာမို့ ခေါ်လာလိုက်တာ။ မင်း သွားချင်တဲ့နေရာရှိရင်ပြောလေ။ လိုက်ပို့ပေးမယ်"

"ကျုပ်က ဘယ်မှကို မသွားချင်တာ။
ခင်ဗျား ဗိုက်ဆာနေတယ်မလား။ မြန်မြန်သွားစားလိုက်လေ။ကျုပ် ဒီမှာပဲစောင့်နေမယ်"

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Where stories live. Discover now