Season-5 Ep(11)

Beginne am Anfang
                                    

"ငရဲပြည်မှနတ်ဆိုးကိုပင့်ဆောင်ပြီး သင့်အသက်ဝိညာဉ်အားသက်ရှိနတ်ဆိုးအဖြစ် ပြောင်းလဲစေမည် ထို့အတွက် သင်သည်သင့်ကိုသင် ယစ်ပူဇော်လျက် စတေးရပါမည်"

"ဟင်... "

ကုရ်မာကာ နတ်ဆရာကြီး၏စကားကြားသောအခါ အတန်ငယ်တုန်လှုပ်သွားသည်။ ငရဲမှဆိုးသွမ်းသောနတ်ဆိုးကိုပင့်ဆောင်ပြီး နတ်ဆိုးဝိညာဉ်ကိုခန္ဓာကိုယ်ထဲ အသက်သွင်းသည့်အကြောင်းကို သူကောင်းစွာသိနေသည်မဟုတ်လား။

အောင်မြင်ပါက အသက်သွင်းခံရသည့် ထိုသူသည်သက်ရှိနတ်ဆိုးအဖြစ်ပြောင်းလဲလျက် အင်မတန်အစွမ်းထက်သော အမှောင်တန်ခိုးတို့ကိုပိုင်ဆိုင်ရမည်။ ထာဝရရှင်သန်နေထိုင်သွားနိုင်မည်ဖြစ်သည်။ သို့သော်ဒဏ္ဍာရီတစ်လျှောက်တွင် နတ်ဆရာတို့ကာ နတ်ဆိုးအသက်သွင်းမှုကို အောင်မြင်အောင်မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း ဤအရာကာ ယုံတမ်းပုံပြင်တစ်ပုဒ်ကဲ့သို့ပင်ဖြစ်နေသည်။

အကယ်၍မိမိကိုယ်ကိုယစ်ပူဇော်လျက် အသက်သွင်းမှုတို့ကို အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါက ရရှိလာမည့်အကျိုးရလဒ်တို့ကာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ တစ်ကိုယ်လုံးမီးလောင်မြိုက်ခံရပြီးနောက် သေလည်းမသေ၊ ရှင်လည်းမရှင်သန်သော ကြောက်စရာဘဝဆိုးတွင် ထာဝရရှင်သန်နေထိုင်သွားရမည်။ သေဆုံးခြင်းမရှိသကဲ့သို့ မည်သည့်အခါမှလည်း ပြန်လည်မွေးဖွားခွင့်မရှိတော့ပါ။ ၎င်းတို့ ငရဲမှပင့်ဆောင်လာသောနတ်ဆိုး၏ ထာဝရအခိုင်းအစေဖြစ်သွားရမည်ဖြစ်သည်။

ထို့ကြောင့်နတ်ဆရာကြီးကာ ကုရ်မာ၏သဘောဆန္ဒကိုသေချာစွာ မေးမြန်းရလေသည်။

"ခေါင်းဆောင်ကုရ်မာ အသင်လေးနက်စွာ စဉ်းစားပါ ကျွန်ုပ်သည်နှစ်ပေါင်းများစွာ ဤပညာရပ်ကိုလေ့လာကျင့်သုံးခဲ့ခြင်းဖြစ်၍ နတ်ဆိုးအသက်သွင်းခြင်း၌ ကျွမ်းကျင်သောပညာရပ်ရှိချေသည် သို့သော်ငရဲ၍တည်ရှိနေသော ကြောက်စရာအကောင်းဆုံးနတ်ဆိုးတစ်ကောင်ကိုခေါ်ဆောင်လျက်အသက်သွင်းခြင်းသည် အဖျက်အဆီးပေါင်းများစွာရှိသည် ငရဲပင် မနိုင်နင်းသောနတ်ဆိုးကိုခက်ခဲစွာပင့်ဆောင်ရသကဲ့သို့ ခန္ဓာကိုယ်ထဲသို့အသက်သွင်းလိုက်ခြင်းမှာ လွယ်ကူခြင်းမရှိပါ ထို့ကြောင့်နတ်ဆိုးအသက်သွင်းကို ကျွန်ုပ်နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သည့်တိုင် အောင်မြင်ခြင်းမရှိခဲ့ပါ ယခုသုံးကြိမ်မြောက်လုပ်ဆောင်ရန်အတွက်မူ ကျွန်ုပ်ပညာအတွက်ကျွန်ုပ်ယုံကြည်မှုပိုရှိပါသည် ယခင်ကဲ့သို့ အဖျက်အဆီးနှင့် အမှားမျိုးဖြစ်မလာစေရန် စီမံထားနိုင်သည် သို့တိုင် မတော်တဆဟူသည်ရှိနိုင်သည်ဖြစ်ရာ ခေါင်းဆောင်ကုရ်မာကိုယ်တိုင် ဆုံးဖြတ်ပါ ကျွန်ုပ်သင့်အတွက်အကောင်းဆုံး လုပ်ဆောင်ပေးပါမည်"

မှော် (ေမွာ္)Wo Geschichten leben. Entdecke jetzt