Unicode
အခန်း ၈.၀
" ဆောင်ဟွန်း "
နာမည်ကို ခေါ်ရင်း အနားရောက်လာတဲ့ ကောင်လေးကရိုးရိုးလှေကားသုံးပြီး ဆင်းလာတာမှန်း စစ်မေးစရာမလိုအောင် နဖူးတွင် ချွေးစလေးတွေ မြင်နေရသည် ။
" ဂျယ်.. ဘယ်လိုလို့ ပြေးဆင်းလာတာလဲ "
" ဟို.. ဓာတ်လှေကား ပျက်နေတာ "
ပြန်ဖြေရင်း အသက်လုရှုနေရတဲ့ ကောင်လေးကို ဆောင်ဟွန်းကသာ အင်္ကျီအနားစဖြင့် ချွေးလေးတွေသုတ်ပေးရသည် ။ အနီးကပ်ရှိနေတဲ့ အနေအထားမှာ မျက်လုံးဝိုင်းဝိုင်းကြီးတွေနှင့် သူ့အား ဆက်တိုက်ငေးကြည့်နေသည့် ဂျယ်ယွန်းဟာ ဒီနေ့မှ ဆေးမှားစားလာသလို ။
ခေါင်းကို အနည်းငယ် မော့၍ သူ့အား မျက်တောင်မခတ်ကြည့်နေသည့် ဂျယ်ယွန်းမျက်နှာက ပြုံးယောင်ပင်သမ်းနေသေးသည် ။ ဂျယ်ယွန်းရဲ့နှာဖျားမှ ထွက်လာသည့် လေငွေ့နွေးနွေးက ဆောင်ဟွန်း၏ လည်ပင်းပေါ်ကို ထိတချက် မထိတချက် ။
မျက်လုံးချင်းဆုံတော့ အရင်ကလို အကြည့်မလွှဲတဲ့ အပြင် ခစ် ကနဲမြည်အောင် အသံထွက်၍ ရယ်သေးသည် ။ ဂျယ်ယွန်းလေး ဘာတွေ သဘောကျ၍ အူမြူးနေမှန်း ဆောင်ဟွန်း မခန့်မှန်းတတ်တော့ပါ ။
တစ်စိတ် ဒီလိုမျိုး သိပ်အသည်းယားစရာ ကောင်းအောင် ပြုံးပြနေတဲ့ အသေးလေးကို နေရာမှာတင် ဆွဲဖက် မွှေ့ရမ်းပစ်လိုက်လျှင် ပြစ်မှုမြောက်နိုင်သလား ။ အဲ့လိုသာဆိုလျှင်တော့ ဆောင်ဟွန်းဟာ ရာဇဝတ်သားဖြစ်ဖို့ လက်မတင်လေးသာ လိုတော့သည် ။
" အဟမ်း- ဂျယ်ယွန်း "
" ဟွန် "
" ဟိုဖက်ကို လမ်းလျှောက်ထွက်ကြမလား "
" အင်း သွားလေ " ဂျယ်ယွန်း အသံလေးက တိုးလျလျ ။ ကြုံလာတော့မဲ့ အနာဂတ်ကို မှန်းဆရင်း လှပ်ခနဲ ရင်ဖိုသွားခြင်းနှင့် အတူ အပြုံးတို့ကတော့ မပီမပြင်ရယ် ။
ပလက်ဖောင်းပေါ်မှာတော့ သစ်ရွက်ဝါတွေက ဟိုတစ်စ ဒီတစ်စသာ ။ ကားလမ်းမဘေးမှာ ယှဉ်တွဲလျှောက်လာပေမဲ့ ကားသံ တစွန်းတစနှင့် လေတိုးသံကလွဲလျှင် သူတို့နှစ်ဦး၏ ခြေသံသာ ကြားရလိမ့်မည် ။
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi