အခန်း ၃

1K 130 1
                                    

Unicode

အခန်း .

" အချစ်ကလေး "

" ဘာတုန်းကွာ အဲ့လိုကြီးမခေါ်စမ်းပါနဲ့ ရွံစရာကောင်းအောင်  "

ဂျယ်ယွန်းက ဂျုံဆောင်းကို လှည့်မကြည့်ပဲ အတည်ကြီးကို အန်တော့မဲ့ မျက်နှာမျိုးနှင့် စာဆက်ရိုက်နေသည် ။ နှစ်ယောက်တည်း နေတဲ့ အိမ်မှာ တစ်ယောက်က လူမမာဖြစ်နေခြင်းသည် ဂျယ်ယွန်းအတွက်တော့ မသက်သာလှ ။

ကိုယ့်အလုပ်ကိုယ်ပင် လက်စသတ်ဖို့ အနိုင်နိုင် ဘဝလေးက ဂျုံဆောင်းရဲ့ ဆိုင်ကိစ္စတွေပါ ခနဝင် ဦးစီးနေရတော့ မျက်နှာလေးတောင် ချောင်ကျချင်နေသည် ။

ကာယကံရှင် ကြောင်နက်ကြီးကတော့ တစ်နေ့ တစ်နေ့ နေစောင်းသည့် အထိ အိပ်လိုက်၊ လုပ်စရာမရှိတိုင်း စားလိုက်နှင့် ပေါင်ချိန် နှစ်ပေါင်လောက်တောင် တက်လာမဲ့ အနေအထားဖြစ်သည် ။

" ဆေးရုံလိုက်ပို့ပေး ခြေထောက်က ပြန်နာလာပြီ "

အထာနပ်နေတဲ့ ဂျယ်ယွန်းကတော့ စာရိုက်မပျက် ။ ဒါ ဂျုံဆောင်း သပ်သပ်မဲ့ မူပိုနေခြင်း ။ ခြေထောက်က သက်သာနေပြီမှန်း ညတိုင်း ဆေးလိမ်းပေးနေရတဲ့ ဂျယ်ယွန်းက အသိဆုံးဖြစ်သည် ။

" ဂျယ်ယွန်းလို့ "

" မင်း ဟိုနာ့စ်မလေးဆီ သွားချင်တာနဲ့ သောက်ပိုတွေ မပြောနဲ့.. ခနနေ ငါဆေးလိမ်းပေးမယ် "

" ဟာ အဲ့နာစ့်မလေး မဟုတ်ဘူးကွ ဒေါက်တာမလေး.. "

ဂျယ်ယွန်း စာရိုက်တာကို ခနရပ်လိုက်ပြီး ချစ်သူငယ်ချင်းကို မျက်စောင်းလှည့်ထိုးသည် ။ အပြင်လေရှုချင်တာနဲ့ ဘယ်က ဒေါက်တာမလေးကို ဆွဲထည့်ပြန်ပြီမှန်းမသိ ။

" မင်းနဲ့ မတွေ့လိုက်တော့ ပြောလည်း သိမှာမဟုတ်ဘူး အဲ့ဒါကြောင့် မင်းလည်း သိသွားအောင် ဆေးရုံသွားကြမယ် ထ ထ "

" တော်ပြီ မသိချင်ဘူး "

ဒေါက်တာမလေးဆိုတာလည်း ဂျုံဆောင်းရဲ့ အကြောင်းပြချက်တွေထဲက တစ်ခုပဲဖြစ်သည်။ အပြင်ထွက်ချင်လို့ အကြောင်းအမျိုးမျိူးရှာနေတဲ့ ဂျုံဆောင်းကို ဂျယ်ယွန်းနားလည်ပေမဲ့ မအားတာကြောင့် အလိုမလိုက်နိုင် ။

A sky fulls of scars [ Sungjake ] Onde histórias criam vida. Descubra agora