Unicode
အခန်း ၆.၀
" ဟူး "
ဖုန်းစခရင်ပေါ်ကို ထောက်ကြည့်လိုက် ပြန်မှိန်သွားသည့်မျက်နှာပြင်ကို တစ်မေ့တစ်မော စိုက်ကြည့်လိုက်နှင့် အာရုံထွေပြားနေတဲ့ ဂျယ်ယွန်းက စားပွဲပေါ်ရှိ အေးစက်စက် ကော်ဖီကိုတော့ သတိမမူမိပါချေ ။
" ဆောင်ဟွန်း ငါ Marie NDiaye ရဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ရှာချင်တာ.. မတွေ့လို့ , မနက်ဖြန် စာကြည့်တိုက် လိုက်ခဲ့ပေးပါအုံး "
ယခုထိတိုင် seen မပြသေးသည့် စကားပြောခန်းကို ဝင်လိုက်ထွက်လိုက်နှင့် ဂျယ်ယွန်းစိတ်တွေ လေးပင်လာရသည် ။ ဆောင်ဟွန်းက ပုံမှန် အတန်းချိန်တွေလည်း များပြီး စာကျက်ချိန်လည်း ညဉ့်နက်တတ်တာကြောင့် ပြန်စာက ကြာတတ်ပေမဲ့ ယခုလို တစ်ရက်ကျော်တဲ့အထိ စာဝင်မဖတ်တာမျိုးတော့ မဖြစ်တတ်ပေ ။
ပိုဆိုးသည်မှာ ဆောင်ဟွန်းကပြင်သစ်အတန်းကိုလည်း မပျက်စဖူး ပျက်နေတာကြောင့် သူတို့ မတွေ့ဖြစ်တာ သုံးရက်တိတိရှိပြီဖြစ်သည် ။
" ဟရောင့်တွေ ပါမောက္ခချုပ်အတန်းက ဒီအပတ် နှစ်
ချိန်တောင်ဟ "" အတန်းလစ်ကြမလား "
" ပြေးလေ မင်းက ကျောင်းခေါ်ချိန်ပြည့်တယ်ဆိုတော့ "
ဂျယ်ယွန်း၏ နောက်ကျောဘက်ဝိုင်းမှ ငြီးညူသံတွေ ဝေဆာနေတဲ့ ဆေးကျောင်းသားအုပ်စုထဲတွင် ဆောင်ဟွန်း မပါ ။ ဂျယ်ယွန်းက အကျင့်ပါနေတဲ့ ခြေလှမ်းတွေကြောင့် ဆေးကျောင်းရှေ့က ထိုင်နေကြ ကော်ဖီဆိုင်ကို လာခဲ့ပေမဲ့ ဆောင်ဟွန်းကို တွေ့ချင်လို့ဆိုတာကိုတော့ နည်းနည်းလေးမှကို ဝန်မခံချင်ပါ ။
" ဒါမှမဟုတ် ငါတို့ အုပ်စုလိုက်ပြေးကြမလား ဆောင်ဟွန်းကို လက်မှတ်ထိုးခိုင်းထားပြီးတော့ "
နားစွင့်နေတာမဟုတ်သော်ညား အဖွဲ့ထဲမှ မိန်းကလေးတစ်ယောက်က ဆောင်ဟွန်းဆိုတဲ့ အမည်နာမကို ထည့်ပြောလာတာကြောင့် ဂျယ်ယွန်း၏ ကျောလေးက ဆတ်ကနဲ မတ်သွားရသည် ။
" တော်ပါပြီ ငါတော့ ဆောင်ဟွန်းကိုကြောက်တယ်နော် ကျန်တဲ့ အချိန်သာ သဘောကောင်းတာ စာနဲ့ပတ်သတ်ရင်တော့ သွားမပြောရဲဘူး "
YOU ARE READING
A sky fulls of scars [ Sungjake ]
Fanfictionstucking with you in this same, old, love again | 𝐏𝐚𝐫𝐤 𝐒𝐮𝐧𝐠𝐡𝐨𝐨𝐧 • 𝐒𝐢𝐦 𝐉𝐚𝐞𝐲𝐮𝐧 | Available in both Unicode & Zawgyi