အခန်း ၁၅

932 114 2
                                    

Unicode

အခန်း ၁၅.

" လူနာ နာမည်က ရှင်းမ်ဂျယ်ယွန်းပါ "

လျှက်တပြတ်ကြားလိုက်ရတဲ့ အမည်နာမတစ်ခုမှာ ဆောင်ဟွန်းရဲ့ ခြေလှမ်းတွေက တုန့်ခနဲ ရပ်သွားသည် ။ ဂျုံဆောင်းနဲ့ စကားပြောအပြီး လေဆိပ်အထိ လိုက်ပါနှုတ်ဆက်ခဲ့တာမို့ ဆေးရုံကို နောက်ကျမှ ရောက်လာခြင်းဖြစ်သည် ။

ကောင်တာနားကို ခပ်မြန်မြန်လျှောက်သွားတော့ သူနာပြုဆရာမလေးရဲ့ အရှေ့မှာ ရပ်နေသည်က တစ်ခါ ဂျယ်ယွန်းနဲ့အတူတူ စားသောက်ဆိုင်ကို ပါလာသည့် ကောင်လေး ။

" ဟို.. "

" အကို !! "

စိုးရိမ်ပူပန်နေတဲ့ စိတ်အစုံကို ဖျောက်ကာ ထိုကောင်လေးကို စကားစဖို့ လုပ်လိုက်ပေမဲ့ ရုတ်တရက် ထွက်လာသည့် မင်ဂျူ၏ အသံကြောင့် ရင်ထဲ ပို၍ မောဟိုက်သွားရသည် ။

" မင်ဂျူ.. ဂျယ်ယွန်း ဆိုတာ.. "

" အကို.. ဒီတိုင်း စိတ်အေးအေးထားပြီး အပြင်မှာပဲ စောင့်နေလိုက်ပါလား.. ဒီ operation ကို မင်ဂျူလုပ်လိုက်မှာမို့လို့ "

" ဘာ operation လဲ.. ဂျယ်ယွန်းက ဘာဖြစ်တာလဲ "

" မင်ဂျူ ပြီးရင် ပြောပြမှာမို့လို့ အကိုက.. "

" မဟုတ်ဘူး.. ဘာဖြစ်တာလဲ အခုက "

" ဂျယ်ယွန်းက ဘယ်မှာလဲ "

မင်ဂျူက သူ့အမေးကို မဖြေတော့ပဲ သူနာပြုလေးကို မျက်နှာရိပ် မျက်နှာကဲပြကာ အခြားဆရာဝန်နှစ်ယောက်နှင့် အနားက ထွက်သွားတော့ ဆောင်ဟွန်း ပြာယာခတ်၍ ကျန်ခဲ့ရပြန်သည် ။

" ဒေါက်တာ.. ခန ထိုင်လိုက်ပါလား ၊ မျက်နှာတွေက ဖြူလာ.. "

" ဂျယ်ယွန်းရော.."

သူနာပြုဆရာမလေးရဲ့ စကားကို နားမထောင်ပဲ နီခီ့ဘက်ကို လှည့်၍ မေးလာသည့် ဆောင်ဟွန်းက လက်တွေပင် တုန်ရီနေသေးသည် ။

" ဟို.. ဒီဘက်က ဒေါက်တာနဲ့ အကိုဂျယ်ယွန်းက ဘယ်လို ဆက်ဆံရေးလဲတော့ မသိပေမဲ့ အများကြီးတော့ စိတ်မပူပါနဲ့.. ဒီနေ့ ရုံမှာ မတော်တဆ နည်းနည်း ဖြစ်သွားလို့ပါ "

A sky fulls of scars [ Sungjake ] Where stories live. Discover now