ဒါပေမဲ့ ချီလားပွေ့လား၊ချော့လားမြှူလားတော့ ဘယ်သူမှ မလုပ်ရဲကြဘူး။ သဏ္ဌာန်ကသာ သူ့ကို လာချီရင် တဟီးဟီးတဟားဟားနဲ့ အထိုက်အလိုက်ပေါင်းသင်းတတ်ပေမဲ့ အမောင်ASကတော့
ရုပ်တည်ကြီးနှင့်သာ ကျောက်ရုပ်ပုံစံနေတတ်တာမို့
ချီရမည့်သူတောင် ခပ်လန့်လန့်ဖြစ်သွားရတာချည်း ။

" ကိုယ်ရှိတယ် Baeမှာ ကိုယ်ရှိတယ်
ဘာမှ အားနာစိတ်ဖြစ်စရာမလိုအောင် ကိုယ်တို့ နားလည်ပေးမှာ"

အတွေးလွန်နေတဲ့ သူ့ကို အားပေးစကားပြောလာတဲ့ အဲ့ဒီအမျိုးသားဟာ သူ့အိမ်ဦးနတ်လေး ။ သူ့ရဲ့လက်ဖဝါးလေးကို
ခပ်တင်းတင်းဆုပ်ကိုင်ရင်းပြောလာတာကြောင့် သူ့နှုတ်ခမ်းတွေဟာလည်း အလိုအလျောက် ကွေးညွတ်သွားရတော့သည်။

သူစိတ်လှုပ်ရှားနေခဲ့တာ အမှန်ပဲ။ ဒီအရာစီကနေ တစ်သက်လုံး ပုန်းရှောင်နေလို့မှ မရတာ။ ဒါက အမှန်တရား။ အမှန်တရားဆိုတာ ဘယ်လိုနေနေ ပေါ်လာရမှာပဲ။

သူဘာကြောင့် ဒီအိမ်ရဲ့အရိပ်ကနေ ဒီမျိုးဆက်တွေနဲ့အတူ
ပြေးထွက်ခဲ့ရသလဲ။

သူဟာ တစ်စုံတစ်ရာကို ပြောလိုက်ချင်ပေမဲ့ သူ့အသံဟာ နစ်ဝင်နေစဲ။ သူ့မှာ ဘာသက်သေအထောက်အထားမှ မရှိဘူး။
လေးလေးမြင့်မော်ပြောပြတဲ့ စကားတွေပဲရှိတယ်။
ဒါပေမဲ့ ငယ်ငယ်ကတည်းက မေမေကြီးပြောနေခဲ့တဲ့ Car Accident ဖြစ်စဉ်တွေ၊ အိမ်ကိုချောင်းပေါက်မတက်လာတဲ့လူဆိုတာမျိုးတွေ ပြန်တွေးရင် လေးလေးမြင့်မော်ပြောပြတဲ့ အဖြစ်အပျက်ဟာ ယုတ္တရှိနေခဲ့တာ။

Car Accident ဆိုတာ လုပ်ကြံခြင်းတဲ့။
နှုန်းဖေဖေနဲ့မေမေ သေဆုံးရတာဟာ တစ်စုံတစ်ဦးရဲ့
ပယောဂကြောင့်ပါတဲ့လေ။

ပုံနှုန်းညီဟာ ပြောချင်တဲ့စကားတွေ များနေပေမဲ့ စကားလုံးတွေကတော့ လည်ချောင်းတွင်သာတစ်စို့နေစဲ။
လက်ကို တင်းတင်းဆုပ်လျက် ပြောရန်ခက်နေသည့်  ပုံနှုန်း​၏ အပြုအမူကြောင့် စောစေးလျမ်းကချောင်းကို အသာအယာ ဟန့်လိုက်ရင်း ဇနီးဖြစ်သူ မူယာချိုအား လက်တို့​၏။

ဒေါ်မူယာချိုကလည်း အခြေအနေကို နားလည်စွာဖြင့် ,

" နှုန်းလေး .. ပြောစရာရှိတဲ့စကားကို ဘာမျက်နှာမှ မထောက်ဘဲပြောလို့ရပါတယ်၊ ဒီလိုအထိ လုပ်သွားရတဲ့အကြောင့်ပြချက်က ပေါ့ပေါ့သေးသေး မဟုတ်မှာ မမချိုတို့လည်း တွက်ဆထားပြီးသားပါ၊အကျိုးဆက်ကို လက်ခံပြီး အကောင်းဆုံးလုပ်ဆောင်ပေးမှာပါ"

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now