"ကိုင်းရော"

ဧည့်သည်တွေပြန်သွားသောအခါမှ သူမေးလိုက်တော့ ကျော်စွာက အလုပ်စားပွဲကိုမေးငေါ့ပြ၍ဘာများလဲဟု ငုံ့ကြည့်မိတော့ သူမက စားပွဲအောက်မှာထိုင်ငိုနေလေသည်။
ဒါကြောင့် ကျော်စွာက မထိုင်ဘဲ မတ်တပ်ရပ်နေတာကိုး…

"ကိုင်း"

စားပွဲအောက်မှနေ၍ မျက်ရည်တွေရွဲနေသောသူမမျက်နှာလေးမော့လာတော့ ဘာဖြစ်လို့လဲဟု စိတ်ပူသွားမိတာအမှန်။
ကျော်စွာကများ သူမကိုဆူလိုက်လို့များလား…

"ဦး ကိုင်းကိုဆူမလို့လား"

"Aww ဒါကအဆူခံရမှာစိုးလို့ စားပွဲအောက်မှာထိုင်ငိုနေတာပေါ့"

သူမ ခေါင်းလေးညိတ်ပြတော့ ပိုချစ်စရာကောင်းသွား၍ သူ အသံထွက်သည်အထိရယ်မိတော့ ကျော်စွာကပါလိုက်ရယ်လေသည်။
ထိုအခါ ကိုင်းကနှစ်ယောက်လုံးကို ပြူးကြည့်ကာ ကြမ်းပြင်ပေါ်ထိုင်ချပစ်ပြီး အီးခနဲ အော်ငိုပြန်သည်။

"ဦးလည်းမကောင်းဘူး ဒီအစ်ကိုကြီးလည်းမကောင်းဘူး သူများငိုနေတာကို ဟားတိုက်ပြီးရယ် နေကြတာ"

"မင်းငိုနေတာကိုက ရယ်စရာကောင်းနေတာကို"

"ရယ်ပေါ့ ရယ်ပေါ့ အကြင်နာတရားခေါင်းပါးတဲ့လူကြီး တော်ပြီ.. ဦးဖို့ဝယ်လာတာတွေ Seaကိုပဲ ပေးတော့မယ် ဦးကိုမပေးတော့ဘူး လူယုတ်မာကြီး"

ကလေးငိုသလို ခြေဆင်းငိုနေသော သူမကို ထပ်မစချင်တော့၍ လက်လှမ်းပေးလိုက်တော့ ကိုင်းက မထသေးဘဲ နှုတ်ခမ်းစူကာပေကပ်ထိုင်နေသည်။

"လာပါ ထ.. မင်း စားပွဲအောက်ထိုင်နေရင် မင်းထက်က ဘယ်လိုအလုပ်လုပ်မလဲ"

ဆိုမှ သူ့လက်ကိုပြန်ဆွဲကာ စားပွဲအောက်ကတိုးထွက်လာတော့သည်။
စားပွဲပေါ်ကတစ်ရှူးတွေယူပြီး သူမ မျက်ရည်တွေကိုသုတ်ပေးလိုက်တော့မှ ကိုင်း ကျေနပ်သွားသလို အငိုတိတ်သွားသည်။
အပြင်ကိုရောက်သည်နှင့် ရုံးခန်းကိုခေါ်ဖို့ပြင်ပေမယ့် ကိုင်းက ဘောပင်န်ဘူးလေးကိုထောင်ပြကာ ကျော်စွာ့စားပွဲပေါ်ချပေးလိုက်ပြီး သူ့နောက်ကိုလိုက်လာသည်။
သူမဟာ Singaporeကပြန်လာတိုင်း ကျော်စွာ့အတွက်ပါ လက်ဆောင်ဝယ်လာတတ်ကာ ဒါကိုလည်းသဝန်မတိုနိုင်အောင် သူမအပေါ်မြတ်နိုးပြီး နောက်ထပ်ဘယ်တော့မှလမ်းမခွဲဘူးဟုလည်း ယုံကြည်စိတ်ချမိသည်။

သူမ မှ တစ်ပါးWhere stories live. Discover now