ဒီတစ်ခါတော့ သူမကအရင် ပန်းနုသွေးသွားသောကြောင့် ကိုင်း ပါးစပ်အဟောင်းသားဖြစ်သွားပြီး Videoရိုက်နေကြသည့်ပတ်ဝန်းကျင်ကို သတိပြုမိသွားသည်။
အားလုံးရဲ့အကြည့်တွေက ရွံရှာသော၊ မုန်းတီးသောအကြည့်တွေဖြင့်…

"ရှင် မိုက်ရိုင်းလှချေလား ရှင်တို့ဘာသာဖြစ်တဲ့ကိစ္စ ကျွန်မနဲ့ဘာဆိုင်လို့.."

"စနိုက်ကြော်တိုင်းကတော့ အဲ့လိုပဲပြောကြတာပဲ"

ဝိုင်းကြည့်နေသူတွေထဲမှ အသံတစ်သံထွက်လာတော့ လူအများရှိနေသည့်ကြားမှာပင် ကိုင်းတစ်ယောက်တည်းဖြစ်သွားကာ ဝမ်းနည်းအားငယ်စိတ်တွေ ဖြစ်လာခဲ့သည်။
ဒီအချိန်မှာ အတောင့်တမိဆုံးအရာသည် ကိုင်းကိုအမြဲလို အဖော်လုပ်ပေးတတ်သော နေသာသို့မဟုတ် Seaကိုသာ…

"Videoတွေလည်း မရိုက်ကြပါနဲ့ ခက်ကကြည်ဖြူပြီးသားပါ ညီမလေးအပြစ်မဟုတ်ပါဘူး"

ကိုင်း ကြံရာမရဖြစ်သွားသည့်နောက်မှာ Seaကိုဖုန်းဆက်ရင်း ငိုချင်လာခဲ့၍ တရှိုက်ရှိုက်ငိုချပစ်လိုက်မိသည်။
ဒီဆိုင်နားမှာ အလင်းတန်းရုံးချုပ်လည်းရှိတာမို့ Seaကအနီးဆုံး…

ဖုန်းဆက်ပြီးပြီးချင်းလောက်မှာ ဆိုင်ရှင်က ဆိုင်တံခါးကိုပိတ်ပစ်လိုက်၍ ဘယ်သူမှထွက်ခွင့်မရတော့ဘဲ အားလုံးရဲ့အကြည့်တွေက ဆိုင်တံခါးဆီကိုရောက်သွားကြသည်။
ဒီအတိုင်းဆို Seaဘယ်လိုရောက်လာလိမ့်မလဲ...

"ကိုင်းသွားပါရစေ တံခါးဖွင့်ပေးပါ"

"ခဏလေးပါ မိန်းကလေး သူဌေးကပိတ်ခိုင်းထားလို့ပါနော်"

ကိုင်းစိတ်ထဲကြောက်ရွံ့မနေပေမယ့် အားငယ်မိတာတော့အမှန်ပဲမို့ မျက်ရည်တွေသာကျနေမိကာ Seaကိုလည်း မျှော်နေမိသည်။
ဘယ်လောက်ပဲသတ္တိတွေရှိနေနေ၊ လူတွေအများကြီးကြားမှာ ရွံရှာသလိုအကြည့်ခံရသည့်အဖြစ်ဟာ ကိုင်းအတွက် ရင်ဆိုင်ဖို့မလွယ်ကူသောအနေအထား…

ထိုအချိန် တံခါးဝသို့ လူတချို့ရောက်လာပြီး ဆိုင်ရှင်နှင့်ဝန်ထမ်းတွေကို စကားနည်းနည်းပြောနေကြကာ ထိုလူတွေထဲမှ ကိုကျော်စွာ့ကိုလှမ်းမြင်လိုက်ရ၏။
ဦးလား…
Seaမဟုတ်ဘဲ ဦး ရောက်လာတာလား...

သူမ မှ တစ်ပါးWhere stories live. Discover now