Part(30)/Unicode

Magsimula sa umpisa
                                    

သူလည်း ဘယ်သူဘယ်ဝါဆိုတာ အဖြေရှာမနေချင်တော့ဘဲ ခြေလှမ်းကိုသာ ခပ်သွက်သွက် လျှောက်လိုက်မိတော့​၏။

" ဟို.. ညီ .. ညီ ခဏလောက် နေပါဦး "

" ဘာ.. ဘာလဲဗျ လွှတ်"

သူ့ရဲ့ခြေလှမ်းတွေကို အရှိန်တင်လိုက်မိတော့
အဲဒီတစ်စုံတစ်ယောက်ဟာ ပြေးလာပြီး သူ့လက်တွေကို ဆွဲလာ​၏။
သူလည်း လန့်ဖြန့်ကာ လက်ကိုခါချရင်း လွှတ်ဖို့ပြောမိတော့သည်။

" အစ်ကို့ကို မမှတ်မိဘူးလား
သဏ္ဌာန်လေးတို့ကျောင်းက ဆရာပါ
အစ်ကိုကတော့ ညီ့ကို အမြဲ သတိထားမိနေတာ ကြာပြီ
ညီ့နာမည်က ပုံနှုန်းညီမလား ညီလို့ခေါ်မယ်နော်"

သူ့အားတွေ့သည်နှင့် စကားတွေ တရစပ်ပြောနေသော ကျောင်းဆရာလား သူ မျက်မှောင်ကြုံ့လျက်ကြည့်မိ​၏။
ဘယ်ရုံမြင်လို့ ဘယ်ခြုံထွင်နေသည်ဆိုတာ ထုံးစံလိုကိုဖြစ်နေသည်မို့ သူတန်းသိလိုက်သည်။

ထို့ကြောင့်လည်း ပြတ်ပြတ်သားသား လုပ်ထားချင်သည့်အတွက် မရှိခဲ့သည့် မယားကိုသာ တပြလိုက်မိတော့သည်။

" ဟုတ် ကျွန်တော် မှတ်..မှတ်ထားပါ့မယ် စိတ်.. စိတ်တော့ မရှိနဲ့
ကျွန်..ကျွန်တော့် ဇနီး စောင့်နေမှာမလို့ သွား .. သွားလိုက်ပါဦးမယ်"

"ခဏ ညီ !"

"ခင် .. ခင်ဗျား "

လက်ကိုထပ်ကာ ဆွဲလာရုံမက ရုန်းရင်း ဆန်ခတ်အခြေအနေပါ ဖြစ်သွားရသည်မို့ လက်ထဲမှ ဈေးခြင်းပါ အောက်သို့ ဘုတ်ကနဲ
ပြုတ်ကျသွား​၏။ ငါးထုပ်ကလေးကလည်း သဲပေသွားကာ
အရွက်များကလည်း ထွက်ကျလျက် မွစာကျဲနေတော့သည်။

"တောက်!! ကျောင်း .. ကျောင်းဆရာ
ဘာလို့ အဲ့ .. အဲ့လို လာလာ ဆွဲနေတာလဲ "

" ညီ့ကို စိတ်ဝင်စားနေခဲ့လို့ပါ
သဏ္ဌာန်လေးတို့ကို လာလာကြိုကတည်းက အစ်ကိုက ညီ့ကို မျက်စိကျနေခဲ့တာ .. ညီက ဘာလဲဆိုတာ သိပါတယ်၊ ပြီးတော့ အခု ညီမှာ သက်ဆိုင်သူ မရှိဘူးမလား အစ်ကိုက ညီ့ကိုစောင့်ရှောက်.."

" အ.. အမျိုးသား ရှိတယ် !
ကျွန်.. ကျွန်တော့်မှာ ကာမပိုင်ယောကျ်ားရှိနှင့်နေပြီးပြီ"

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Tahanan ng mga kuwento. Tumuklas ngayon