real life

5.6K 426 15
                                    

<Unicode>
"မင်း မင်းသတ္တိရှိရင်ငါ့ကိုလွှတ်ပေးစမ်း ယောက်ျားချင်းပဲတစ်ယောက်ချင်းချကြတာပေါ့!"

"ဟက်!

"မင်း!ဘာရယ်တာလဲ!"

"အာ sryပါ မင်းကချစ်ရာကောင်းနေတော့ကိုယ်မရယ်ပဲမနေနိုင်လို့"

"ဘာ!!!"

ရုပ်ကိုမမြင်ရသေးပေမယ့်ယောက်ျားဆန်တဲ့အသံခပ်သြသြကြောင့် သူ့ထက်လူကောင်ကြီးမယ်ဆိုတာခန့်မှန်းမိပေမယ့် သူ့ကိုကလေးလိုတက်ဆံနေတာတော့သူမကြိုက်ပါ။

"မင်းတို့အားလုံး ဥပဒေလက်ကလွတ်မယ်ထင်နေလား!ငါမင်းတို့ကိုထောင်ထဲထည့်ပစ်မယ်!"

"မင်းကရောငါ့လက်ကလွတ်မယ်ထင်လို့လား ငါလဲမင်းကိုထည့်...ပစ်..လိုက်...လို့ရတယ် ဟက် ဟက်!"

"မင်း!မင်း အောက်တန်းစား!"

ဂုဏ်ရဲ့စကားကြောင့်Jကစိတ်တိုသွားကာ ဂုဏ်ရဲ့မျက်နှာအားလက်နဲ့ကြမ်းတမ်းစွာညစ်ကိုင်လိုက်ပီး....

"အောက်တန်းစား!ဟုတ်လား!မင်းတို့လို ငိုစား ရယ်စားနေတဲ့ရဲတေကြတော့ အထက်တန်းစား ငါတို့လိုလူတေကျတော့အောက်တန်းစားပေါ့ ဟုတ်လား ဟမ်!"

"အ့!လွှတ်စမ်း!!"

"အောက်တန်းစားကဘယ်လိုလုပ်ရပ်မျိုးလုပ်လဲမင်းကိုပြရသေးတာပေါ့"

"မင်း!ဖယ်စမ်း!!"

ဂုဏ်အရမ်းလန့်နေသည် ထိုလူကသူ့အဝတ်စားတေကိုဆွဲဖြဲနေပီးလည်တိုင်ကိုအကြမ်းပတမ်းနမ်းရှိုက်နေသည်။ကြိုးလဲအတုပ်ခံထားရတဲ့အပြင် ဘာကိုမှမမြင်ရတာကြောင့်အတင်းရုန်းကန်နေရင်း အသက်ရှူကြပ်လာသည်။

"ဟင်း!ဟင်းး!"

J သူ့ရှေ့ကကောင်လေးရဲ့မူမမှန်တဲ့အသက်ရှူသံကြောင့်လုပ်နေသမျှကိုရပ်လိုက်ကာ...

"ဟေး!ဘာဖြစ်တာလဲ!"

"ဟင်းး!ဆေးဘူး ဟင်းး!ဘောင်းဘီအိတ်!"

စကားကိုပြတ်တောင်းပြတ်တောင်းပြောကာ အသက်ကိုလှရူနေတဲ့ထိုကောင်လေးကြောင့် ဘောင်းဘီအိတ်ထဲနှိုက်ကြည့်လိုက်တော့ ပန်းနာရင်ကြပ်သမားများအသုံးပြုတဲ့ရှူဆေးဘူးလေးတွေ့လိုက်ရသည်။Jထိုဆေးဘူးကိုပါးစပ်နားတေ့ပေးလိုက်တော့ အသည်းသန်ရှူသွင်းရင်း ခနကြာမှပုံမှန်အတိုင်းပြန်ဖြစ်သွားကာ အသက်ကိုဖြေးဖြေးချင်းရှူသွင်းနေသည်။

Make A Wish(System)(Completed)Where stories live. Discover now