ခွန်နဒ္ဒ(Arc -1)

16.9K 971 7
                                    

<Unicode>
ညနေရုံးဆင်းတော့ခွန်နဒ္ဒ ကားပါကင်သို့ထွက်လာလိုက်သည်။အရင်ဇာတ်လမ်းမှာခွန်နဒ္ဒကရွှေယမင်းကိုသူ့ကားနဲ့ပြန်လိုက်ပို့ပေးနေကြမို့ အခုလဲသူပြန်လိုက်ပို့ရမည်ဖြစ်သည်။ကားပါကင်ရောက်တော့ရွှေယမင်းကရှေ့ခန်းမှာဝင်ထိုင်သည်။သူလဲကားတံခါးဖွင့်နေတုန်းမှောင်ရိပ်ကျနေတဲ့တစ်နေရာတွင်လူတစ်ယောက်ကဆေးလိပ်ရပ်သောက်နေသည်ကို ဘာရယ်မဟုတ်ခွန်နဒ္ဒထိုလူကိုရပ်ကြည့်နေမိသည်။

ထိုလူကဆေးလိပ်တစ်လိပ်ကုန်သွားတော့လွှင့်ပစ်ကာနောက်တစ်လိပ်ထုတ်လိုက်ပီးနှုတ်ခမ်းနဲ့ညှပ်ကာမီးထပ်ညှိ့လိုက်သည်။ထိုအချိန်မီးခြစ်မှမီးရောင်ဖြင့်မြင်လိုက်ရတဲ့မျက်နှာလေးကသူ့ရင်ထဲတစ်မျိုးလေးဖြစ်သွားသည်။အမှတ်တမဲ့ရပ်ကြည့်နေရင်းသတိဝင်လာတော့မှကားထဲဝင်ကာစက်နှိုးလိုက်သည်။နောက်တစ်ခေါက်ထိုလူကိုထပ်ကြည့်မိတော့ သူတို့ကားကိုစိုက်ကြည့်နေသည်။

"ကို မောင်းတော့လေ ဘာဖြစ်လို့လဲ"

"ဘာမှမဟုတ်ဘူး"

ခွန်နဒ္ဒဘာမှတွေးမနေတော့ပဲထိုနေရာကနေမောင်းထွက်သွားတော့သည်။ထွက်သွားတဲ့ကား​နောက်ကျောကိုကြည့်နေတဲ့ထိုလူကဆေးလိပ်ငွေ့များကိုမှုတ်ထုတ်လိုက်ပီး မီးမကုန်သေးတဲ့ဆေးလိပ်ကိုအောက်သို့ပစ်ချလို့ခြေထောက်နဲ့နင်းကာထိုနေရာမှထွက်သွားတော့သည်။

>>>>>>>>>

(system)

(ဟုတ်ကဲ့ရှိပါတယ်host)

(ဇာတ်လိုက်မအကြောင်းတေမင်းစုံစမ်းပေးလို့ရလား)

(အဲ့တာကmissionနဲ့သွယ်ဝိုက်သက်ဆိုင်နေတာမို့အပြည့်စုံတော့စုံစမ်းပေးလို့မရဘူးဗျ သူဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာလောက်တော့ပြောပြလို့ရပါတယ်)

(ဒါဆိုအခုသူဘာလုပ်နေလဲ)

(ကလပ်တစ်ခုမှာသောက်နေပါတယ်host)

(ကလပ်?)

ရွှေယမင်းကသူ့ရှေ့တွင်တော့အနေအေးပီးဖြူစင်မယ့်ပုံဖြစ်နေပီးကလပ်ကိုတက်သည်တဲ့လား။ထားပါတော့ ကလပ်တက်တိုင်းပျက်စီးနေတာမှမဟုတ်ပဲ။

Make A Wish(System)(Completed)Where stories live. Discover now