ရွှေရိုး(Arc -6.8)(end)

6.3K 568 11
                                    

<Unicode>
ရွှေရိုးကိုဓားနဲ့ထိုးခဲ့တဲ့လူဟာ သူကြီးသားကိုသတ်ရန်ကြံစည်မှုဖြင့်ပုလိပ်များဖမ်းစီးသွားတော့သည်။ထို့ကိစ္စကြောင့်ပဲရေကြည်နဲ့သူ့ရဲ့မင်္ဂလာဆောင်ဟာနောက်အပတ်ထဲကျင်းပရန်ဖြစ်လာတော့သည်။ရေကြည်ကအရမ်းကြောက်နေပီးတော့ရွှေရိုးကိုမျက်စိအောက်ကပျောက်ရင်ပဲစိတ်ပူနေတတ်သည်။အစကတော့ရေကြည့်မိဘတေကသိပ်မကြည်ပေမယ့် သူတို့သားနေ့တိုင်းစိုးရိမ်နေရတာမြင်တော့သူတို့လဲမကြည့်ရက်တာကြောင့်လက်ခံလိုက်ရတော့သည်။

တစ်ရွာလုံးကလူတေကရွှေရိုနဲ့ရေကြည်တို့ရဲ့တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ပီးချစ်တတ်ကြလွန်းတဲ့အချစ်ကိုစံနမူနာယူကြပြန်သည်။ထိုအပြင်ရွာထဲကအပျိုလေးများထံတွင်ဗန်းစကားတစ်ခုလဲပေါ်ပေါ်ပေါက်လာသည်။ထိုသည်က'ရွှေရိုးလိုအလိုလိုက်ပီး ရေကြည်လိုချစ်တတ်မှ ကျမကိုချစ်ခွင့်ပန်ပါ'တဲ့။

>>>>>>>>>>>>

မင်္ဂလာပွဲနေ့💒.........

မင်္ဂလာမဏ္ဍဋ်ကြီးကိုရွာလည်တည့်တည့်မှာဆောက်၍အကာမပါပဲ ကြိုက်တဲ့သူကြိုက်သလာက်ဝင်စား(ဘူဖေး)စနစ်ဖြင့်ကျင်းပလေသည်။ထမင်းရည်ချောင်းစီးမောင်းတီးတဲ့ အလှူမဟုတဲ့ မင်္ဂလာပွဲလေးသာဖြစ်သည်။သတို့သားနှစ်ယောက်ကနို့နှစ်ရောင်ဆင်တူသတို့သားဝတ်စုံလေးဖြင့်ထည်ဝါနေသည်။

ရေကြည်နဲ့ရွှေရိုးကဆရာတော်ဘုရားကိုလှူဖွယ်ပစ္စည်းတေကပ်ကာနှစ်ဦးအတူကန်တော့ကြသည်။ထို့နောက်နှစ်ဖက်မိဘများကိုကန်တော့ကာထိမ်းမြားခြင်းကိုအထမြောက်စေသည်။

"အေး ဒီလင်နှစ်ဦး အိုအောင်မင်းအောင်ပေါင်းကြရပါစေကွယ် ကိုကြည်အေးခဗျားလဲကလေးတေကိုဆုပေးလိုက်လေ"

ဦးလူရိုးကလက်တို့တော့ဦးကြည်အေးကလဲ....

"အေးကွယ် အေးအတူပူအမျှနဲ့ငါ့သားကိုတော့ပိုအေးပါစေ နှစ်ဦးသားချစ်ချင်ခင်ခင်နဲ့သက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေ"

"ဟုတ် သားတို့ကလဲအဖေနှစ်ယောက်ဒီထက်မကပိုတည့်ကြပါစေလို့ပြန်ဆုတောင်းပေးပါတယ်"

Make A Wish(System)(Completed)Where stories live. Discover now