ရှယ့်ယန်(Arc -3.2)

7.1K 659 29
                                    

<Unicode>
တွေဝေနေတဲ့ရှောင်းချီကြောင့် ရှယ့်ယန်စိတ်မရှည်တော့ပဲ ချင်းမုနားသွားကာ..

"မုကော ကျွန်တော့ကိုယုံပေးပါ ကျနော်မုကောတို့ကိုမလိမ်ပါဘူး မုကောသေချာစဉ်းစားပါ ချင်းလုကိုဒီလိုဘဝမျိုးနဲ့ဆက်နေစေချင်လိုလား သူ့ကိုသက်တောင့်သက်သာနဲ့အေးချမ်းတဲ့ဘဝမျိုးလေးနဲ့မထားချင်ဘူးလား"

ချင်းမုခနလောက်စဉ်းစားကာရှောင်းချီကိုခွင့်ပြုပေးရန်တောင်းဆိုတော့သည်။

"ခေါင်းဆောင် ကျနော်တို့သူ့ကိုတစ်ခါလောက်ယုံကြည်ပေးလိုက်ရအောင် ကျနော်တို့မှာဆုံးရှုံးစရာလဲမရှိတော့ဘူးလေ"

"ဟင်းး ဟုတ်ပီ ရှယ့်ယန် မင်းငါကိုလိမ်ရင်မင်းဘဝကူးမကောင်းစေရဘူးမှတ်!"

"ဟုတ် ချီကောကော"

>>>>>>>>>>>

ရှယ့်ယန်ကိုယ်တိုင်ဦးဆောင်ပီး သူ့အိမ်ကိုဓားပြတိုက်ဖို့ရာသေချာplanချနေကြသည်။

"ည၇နာရီနဲ့၈နာရီကြားမှာတစ်ခါ အစောင့်တေလူချိန်းကြတယ် ကြားထဲမှာ၁၀မိနစ်လောက်ကအသာလေးရတယ် အဲ့အချိန်ကိုယ်တို့အိမ်ထဲဝင်ကြမယ် အဖေနဲ့မိထွေးကအဲ့အချိန်ထမင်းစားနေမှာအဲ့တော့ ထမင်းစားခန်းထဲမှာသူတို့နှစ်ယောက်နဲ့အိမ်ထိန်းတစ်ယောက်ပဲရှိနေမှာ အဲ့တော့သူတို့ကိုဓားစားခံလုပ်ပီးပစ္စည်းတေယူကြမယ် ကဲ နားမလည်လိုက်တဲ့နေရာရှိလား"

သေချာရှင်းပြနေတဲ့ရှယ့်ယန်ကိုအဖွဲ့သားတေအာလုံးကကြောင်တောင်တောင်ကြီးကြည့်နေကြသည်။ကိုယ့်အိမ်ကိုဓားကြတိုက်ဖို့ကိုယ်တိုင်စီစဉ်နေတာ သူတို့အံ့သြတာမဆန်းဘူးမလား။

"မရှိရင်ဒီမှာပဲနားကြတာပေါ့ မနက်ဖြန်ညစပီးလှုပ်ရှားမယ် အခုအိပ်ရေးဝဝအိပ်ပီးအားမွေးထားကြ"

အားလုံးအလျှိုလျှိုသူတို့အခန်းဆီပြန်သွားကြတော့ရှောင်းချီကသူ့နယးကပ်လာကာ...

"မူမမှန်တာတွေ့ရင်မင်းကိုငါကိုယ်တိုင်သတ်ပစ်မယ်!"

"ချီကောကော သဘောပါဗျ"

"မင်းကိုဘာကြောင်ပြန်ပေးဆွဲခဲ့လဲမင်းသိလား"

"ပိုက်ဆံလိုချင်လို့လေ"

Make A Wish(System)(Completed)حيث تعيش القصص. اكتشف الآن