ဟခု(Arc -2.3)

9.1K 864 9
                                    

<Unicode>
ဟခုတောင့်ခဲနေရင်းပင်အိပ်နေတဲ့ဂင်းကိုထိုင်ကြည့်နေမိသည်။ပါးထက်ကပါးချိုင့်လေး၊ခါးထိရင်ယောင်တတ်တဲ့အကျင့်လေး တကယ်ပဲဘာတေဖြစ်နေတာလဲ။ထိုအချိန် ဓူဝံပြောခဲ့တဲ့စကားလေးကိုပြန်ကြားယောင်လာသည်။'မောင့်အနားမှာရှိနေရဲ့သားနဲ့'တဲ့။သူတဖြည်းဖြည်းနားလည်လာပီဖြစ်သည်။ဂင်းကလဲ ဓူဝံ၊ ဓူဝံကလဲဂင်း ပီးတော့အရင်ကမ္ဘာကမုန်းမာန် သူကလဲဓူဝံပဲ။ဒါဆို ဓူဝံကသူရောက်တဲ့ကမ္ဘာတိုင်းပါရှိနေတာပေါ့။

(ဒီးဒီ)

(ဟုတ် ရှိပါတယ်host)

(ဂင်းကဓူဝံမလား ပီးတော့မုန်းမာန်ရောပဲ သူတို့တေကဓူဝံပဲမလား ဟုတ်တယ်မလား!ဟုတ်တယ်မလားလို့!)

(hostအရမ်းစိတ်မလှုပ်ရှားပါနဲ့ ဟုတ်ပါတယ် hostထင်တာအမှန်ပါပဲ)

(ဒါ ဒါဆိုသူလဲငါ့ကိုမှတ်မိနေမှာပေါ့နော်!)

(အဲ့တာတော့မဟုဘူးဗျ သူကsystemကတရားဝင်ထည့်သွင်းခဲ့တဲ့ဝိဉာဉ်မဟုတာကြောင့် ဘာကိုမှမမှတ်မိပါဘူး ပြောရရင်သူကဗိုင်းရစ်သက်သက်ပါပဲ)

(ဟင် ဒါဆိုသူကပျောက်ကွယ်သွားနိုင်လား)

(မပျောက်ပါဘူး hostကအဲ့ဗိုင်းရစ်ကိုမရှင်းပစ်ရင်ပေါ့)

(ငါမလုပ်ပါဘူး!ဟား ဝမ်းသာလိုက်တာ ဓူဝံကငါ့နားမှာတစ်ချိန်လုံးရှိနေခဲ့တာပေါ့ ဟား!)

(hostအရမ်းပျော်နေပုံပဲ)

(ပျော်တာပေါ့!သူကငါ့နားမှာရှိနေတာလေ ငါပျော်တာပေါ့)

(ဘာလို့လဲ)

(ဟင်?)

(သူhostအနားမှာရှိနေရုံနဲ့ဘာလို့အဲ့လောက်တောင်ပျော်နေရတာလဲ)

(ငါ......ငါမပြောတတ်ဘူးဒီးဒီ)

(hostကအချစ်ကိုနားမလည်ဘူးထင်ပါရဲ့)

(အချစ်လား ငါ့ဘဝတစ်လျှောက်လုံးအချစ်ဆိုတာဂြိုလ်နဲ့လားလို့မေးလောက်တဲ့အထိကို အချစ်ဆိုတာကြီကိုမထိတွေ့ခဲ့ဖူးဘူး)

(hostထိတွေ့ခဲ့ဖူးပါတယ်ဗျာ)

(ဟင်?)

"ဝေါ့!အော့!!"

စကားဝိုင်းဟာဂင်းရဲ့ထအန်တဲ့အသံကြောင့်ပြတ်တောက်သွားတော့သည်။ဂင်းကအိပ်ယာပေါ်ခေါင်းစိုက်ကာတစ်ဝေါ့ဝေါ့ထိုးအန်နေတော့သည်။မွေ့ယာပေါ်တွင်အကွက်လိုက်အန်ထားတာကြောင့် ဘေဇင်ထိခေါ်ရန်နောက်ကျသွားတော့သည်။ထို့ကြောင့်သူအန်လို့ဝတဲ့အထိသာကျောကိုပုတ်ပေးနေလိုက်တော့သည်။ဂင်းကအန်လို့ဝတော့မှပြန်အိပ်ပျော်သွားတော့သည်။

Make A Wish(System)(Completed)Where stories live. Discover now