ဇင်း(Arc -5.3)

7K 598 9
                                    

<Unicode>
"ဦး ဒါဘယ်ကပြန်လာတာလဲ!"

"မင်းကိစ္စမဟုတ်ဘူး"

"ဦး တခြားသူတေနဲ့အိပ်လာပြန်ပီမဟုလား ဦးကိုယ်မှာအနံ့တေတောင်မပျောက်သေးဘူး!"

"ငါဘယ်သူနဲ့အိပ်အိပ် မင်းနဲ့မဆိုင်ဘူး"

"ဘာလို့မဆိုင်ရမှာလဲ ဦးနဲ့ကျနော်က..."

ဘာဆက်ပြောရမလဲမသိတော့တဲ့လူဟန်ကြောင့်ဂျင်မီက...

"မင်းနဲ့ငါကဘာလဲ ဆက်ပြောလေ ဟက်!မင်းကိုအိမ်ပေါ်ခေါ်တင်ထားလို့ငါ့ဇနီးနေရာပေးလိုက်တယ်မထင်နဲ့"

"ဒါဆိုဦးကကျနော့်ကိုအပျော်တွဲနေတာပေါ့!"

"အပျော်? ဟက်! ဟား ဟား!အိမ်ထောင်ရှိလျှက်နဲ့ငါနောက်ကောက်ကောက်ပါအောင်လိုက်ခဲ့ကောင်ကိုငါကအပျော်မတွဲလို့ ဘာလဲမင်းကအတည်လက်ထပ်ယူမယ်ထင်နေတာလားဟမ်!"

"တောက်စ်!ခဗျား လူယုတ်မာ!"

ရိုက်ဖို့ရွယ်လာတဲ့လူဟန်ရဲ့လက်တေကိုဂျင်မီဖမ်းဆုပ်လိုက်ပီးလူဟန်ရဲ့ပါးကိုကျန်တဲ့လက်တစ်ဖက်ဖြင့်ဖျစ်ညှစ်ကာ...

"ကိုယ့်အခြေနေကိုယ်သိရင်ငါထားတဲ့နေရာမှာငါကျွေးတာစား ငါပေးတာသုံးပီးလိမ်လိမ်မာမာနေ ငါသိပ်စိတ်ပျက်လာရင်မင်းကိုအချိန်မရွေးကန်ချလိုက်လို့ရတယ်ရှင်းလား ငါ့ကုတင်ပေါ်တက်ချင်နေတာမင်းတစ်ယောက်ထဲမဟုဘူး!"

"အ့!"

ဖျစ်ညစ်ထားတဲ့ပါးပြင်ကိုအားနဲ့ဆောင့်တွန်းလိုက်တာကြောင့်လူဟန်ကြမ်းပြင်ပေါ်လဲကျသွားတော့သည်။ဂျင်မီကတော့အဝတ်စားတေချွတ်ကာရေချိုးခန်းထဲဝင်သွားလေသည်။

လူဟန်နှုတ်ခမ်းကိုပြတ်ထွက်မတက်ကိုက်ထားကာရေချိုးခန်းထဲဝင်သွားတဲ့သူကိုဒေါသတကြီးကြည့်နေသည်။ပိုက်ဆံသုံးချင်လို့လိုက်လာတာမှန်ပေမယ့် ကိုယ်နဲ့ဖြစ်နေတဲ့သူကိုတခြားသူတေနဲ့မျှဝေပီးမသုံးချင်။ဂျင်မီဆိုတဲ့လူကြီးကပိုက်ဆံရှိတယ်ဆိုတိုင်း သူ့ကိုမချေမငံဆက်ဆံတတ်ပီး အမြဲတမ်းအရင်အိမ်ထောင်အကြောင်းကိုအားနည်းချက်အဖြစ်အသုံးချပီးစကားနာထိုးတတ်သေးသည်။

Make A Wish(System)(Completed)Where stories live. Discover now