ခွန်နဒ္ဒ(Arc -1.3)

9.1K 796 66
                                    

<Unicode>
ခွန်နဒ္ဒနေ့လည်စာကိုကန်တင်းတွင်မစားပဲသူ့ရုံးခန်းထဲမှာသာdeliနဲ့မှာစားဖို့လုပ်လိုက်သည်။မုန်းမာန်ကရွှေယမင်းနဲ့နေ့လည်စာစားရင်းရင်းနှီးမှုယူချင်သည်ထင်သည်။ထို့ကြောင့်နှစ်ယောက်သားနီးစပ်စေရန်သူကပဲရှောင်ပေးလိုက်သည်။ဒါဆိုဘယ်သူမှအလုပ်မရှုပ်ကြတော့ဘူးလေ။

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ"

ရွှေယမင်းကအခန်းထဲဝင်လာကာ....

"ကို နေ့လည်စာထွက်မစားဘူးလား"

"ကိုယ်အလုပ်တေမပီးသေးလို့ ဒီမှာပဲစားရင်းလုပ်မလို့"

"အရမ်းများလို့လား သဲကူလုပ်ပေးမယ်လေ"

တွေ့လား ဘယ်လောက်တောင်အလိုက်သိပီးထပ်မြတ်သလဲ။

"ရပါတယ် ကိုယ်လုပ်နိုင်ပါတယ် ထမင်းသွားစားတော့လေ"

"ဟိုလေ ကို သဲကိုပိုက်ဆံလေးနည်းနည်းလောက်ထပ်လွှဲပေးပါလားဟင်"

"အင်း ဘယ်လောက်လိုတာလဲ"

"ဟို ၅သိန်းပါ"

"ကိုယ်လွှဲလိုက်မယ်"

"ဟုတ် ဒါဆိုသဲသွားတော့မယ်နော် ကိုအကူညီလိုရင်ခေါ်လိုက်နော်"

"အင်းပါ"

တံခါးပိတ်သွားတော့ခွန်နဒ္ဒကွန်ပျူတာကိုနှိပ်ရင်းစဉ်းစားမိသည်။

*သူဘာလို့ပိုက်ဆံခနခနတောင်းနေတာလဲ သူ့မိဘတေများဆေးရုံတက်နေရလို့လား နောက်ကျရင်သေချာမေးကြည့်ရမယ် လူနာသတင်းလေးဘာလေးလဲမေးရတာပေါ့*

•••••••••••

ခွန်နဒ္ဒထိုင်မရထမရဖြစ်နေသည်။အကြောင်းကdeliသမားကခုထိရောက်မလာသေး နာရီကြည့်တော့လဲ၁၂ခွဲနေပီ သူ့မှာဗိုက်ဆာလို့ဟိုဖိဒီဖိလုပ်နေရသည်။ခနကြာတော့မခံနိုင်တဲ့အဆုံး ရုံးကမီးဖိုခန်းဆီသွားတော့သည်။သူတို့ရုံးတွင် night dutyဆင်းသူများ over timeဆင်းသူများအတွက် ဗိုက်ဆာရင်တစ်ခုခုလုပ်စားနိုင်အောင်မီးဖိုခန်းအသေးလေးပြုလုပ်ထားပေးသည်။ရေနွေးအိုး၊ရေခဲသေတ္တာနဲ့ အခြား အစာပြေမုန့်များလဲထည့်ထားပေးတာမို့အဆင်ပြေလှသည်။

Make A Wish(System)(Completed)Kde žijí příběhy. Začni objevovat