"ဟယ်လို"

"ဟယ်လို တီငယ် ကျနော်.."

"အာ့ ဒါလင် ဟင့် နာနေပီလို့!"

"ဘေဘီကလဲကွာ မငိုပါနဲ့ မလုပ်တာနှှစ်ရက်ပဲရှိသေးတယ် ပြန်ကျဉ်းသွားပီဒီအပေါက်လေးက"

ဖြန်း!

"အား ဒါလင်မရိုက်ပါနဲ့ အင့်!"

ဒီလောက်ဆိုသူတို့အလုပ်ရှုပ်နေမယ်တည်မြဲသိလိုက်ပါသည်။spakerဖွင့်ကာ သူတို့ကိုဂရုမစိုက်ပဲ လုပ်ချင်တာသာလုပ်နေကြတဲ့တီငယ်တို့ကြောင့် ဖုန်းကိုအမြန်ချကာနားထင်ကိုဖိကိုင်ထားလိုက်ရသည်။

"ဟူးး"

"ကဲပါမောင်ရယ် ဘယ်သူမှမအားကြဘူးမလား ငါပဲသွားလိုက်ပါ့မယ် စိတ်မပူပါနဲ့"

"မရဘူး မောင်ပါလိုက်မယ် ဒီးဒီကိုပါခေါ်သွားကြမယ်လေ"

"ဟာ မောင်ကလဲ ကလေးကို..."

"ခိခိ!"

ဒီးဒီကဓူဝံလက်ထဲကနေလက်ခုပ်လေးတီးကာပျော်ရွှင်သွားတာကြောင့်...

"ဒီးဒီ ဒယ်ဒီတို့နဲ့လိုက်ချင်လ့ိုလား"

"အွန့်! ခိခိ!"

"တွေ့လား ဒီးဒီလဲလိုက်ချင်တယ်တဲ့ မောင်တို့သားအဖသုံးယောက်အတူသွားကြမယ်လေ"

"ဒါပေမယ့်..."

"မောင် ကလေးခါးပတ်သွားယူလိုက်မယ်!"

လှစ်ကနဲပြေးထွက်သွားတဲ့တည်မြဲကြောင့်ဓူဝံလဲဘာမှဆက်မပြောတော့ပေ။

>>>>>>>>>>>>>>>

"အင်းး ကျွတ် ကျွတ်!"

ဂုဏ်နိုးလာတော့တစ်ကိုယ်လုံးတင်းကြပ်ကာ ခေါင်းတစ်ခုလုံးချာချာလည်နေသည်။လက်ကိုလှုပ်ရှာကြည့်တော့မရ ခြေထောက်ပါလှုပ်ရှားမရတာကြောင့် ကြိုးတုပ်ခံထားရမှန်းရိပ်မိလိုက်သည်။ထို့အပြင်မျက်လုံးကိုပါအဝတ်စနဲ့စည်းထားတာကြောင့်အမြင်အာရုံတစ်ခုလုံးအမှောင်ဖုံးနေသည်။သူ့အခြေနေကအခု ထိုင်ခုံမှာလက်ရောခြေထောက်ရောကြိုးတုပ်ခံထားရပီး မျက်လုံးပါအစည်းခံထားရသည်။သူရဲဖြစ်တဲ့သက်တမ်းတစ်လျှောက်မှာ ဒါမျိုးတစ်ခါမှမကြုံဖူးတာမို့ နည်းနည်းတော့လန့်နေသည်။

Make A Wish(System)(Completed)Where stories live. Discover now