[ဟုတ်တယ် တူလေးရဲ့hostပြောသလိုပဲ ကိုယ့်နေတတ်သလိုနေ အားလုံးကမိသားစုတေကြီးပဲ]

ဘယ်ကရောက်လာမှန်းမသိတဲ့CPကြက်အဖြူလေးကသူ့ကို ကတော်ကတော်နဲ့လူတေစကားပြောသလို ခေါင်းတငြိမ့်ငြိမ့်နဲ့စကားတေလာပြောနေတာမို့ဓူဝံကြောင်တောင်တောင်ကြီးဖြစ်နေသည်။

"ဒါလဲ ပါးပါးတို့ရဲ့မိသားစုဝင်ထဲကတစ်ယောက်ပဲ သူ့နာမည်ကဟေးဟေးတဲ့ ဟိုးနောက်ကသံချောင်းတဲ့ သူ့လင်လေ ဟဲဟဲ ပါးပါးတို့ကတစ်မျိုးလုံးဂေးနေတာ"

မိုးထက်ရဲ့စကားကြောင့်အားလုံးကတဟားဟားထရယ်ကြတော့သည်။ဘယ်သွားသွား တပြုံတမကြီးသွားကာ မခွဲခွာပဲချစ်ချစ်ခင်ခင်နဲ့နေကြတဲ့ ဒီမိသားစုလေးကြောင့်ဓူဝံရဲ့အထီးကျန်ပီးခြောက်သွေ့တဲ့နေ့ရက်များဟာ ပြန်လည်ဆိုပြေပီးနွေးထွေးလာတော့မည်။အစကကြောက်နေပေမယ့် ကြက်နဲ့တောင်မိသားစုဝင်တေလိုချစ်ချင်ခင်ခင်နေနေကြတဲ့ဒီမိသားစုလေးကြောင့်ဓူဝံခနလေးအတွင်းမှာပဲသံယောဇဉ်ဖြစ်သွားသည်။

>>>>>>>>>>>

"အချစ် ပင်ပန်းနေပီလား မောင်နှိပ်ပေးမယ်လာ"

"နေပါ ငါကတောင်မောင့်ကိုနှိပ်ပေးရအုံးမှာ"

"လာပါကွာ မောင်နှိပ်ပေးချင်လို့"

ဓူဝံရဲ့လက်ကိုဆွဲကာအိပ်ရာပေါ်ထိုင်စေပီး တည်မြဲကကြမ်းပြင်ပေါ်ထိုင်ကာခြေထောက်လေးများကိုသေချာနှိပ်ပေးလေသည်။

"ငါတော့ငရဲကြီးတော့မှာပဲ"

"မကြီးပါဘူး အချစ်ကမောင့်ထက်ကြီးတယ်လေ တကယ်ဆိုမောင်ကအချစ်ကိုကန်တော့ပီးတောက်အိပ်သင့်တာ"

"မောင် တကယ်လို့ငါအသက်ကြီးလာပီးမနုပျိုတော့ရင် မောင်ငါ့ကိုစိတ်ကုန်သွားမှာလား"

"အချစ်!lesson 2ကဘာလဲ!"

"မောင့်အချစ်ကိုသံသယမဝင်ရဘူး"

"သိရဲ့သားနဲ့ မောင့်စကားနားမထောင်ဘူး လာစမ်း မင်းလေးကိုအပြစ်ပေးရမယ်!"

ရုတ်တရက်ကြီးသူ့အပေါ်ခုန်အုပ်ကာအပေါ်ကနေအတင်းလိုက်နမ်းနေတဲ့တည်မြဲကြောင့်...

Make A Wish(System)(Completed)Where stories live. Discover now