"ဒါဆို သူကမသေဘူးပေါ့ စိတ်ဝင်စားဖို့တော့ကောင်းနေပီ"

နေ့လယ်ကမှအသစ်စက်စက်ရိုက်ယူလာတဲ့ အမဲဝမ်းဆက်နဲ့လူရဲ့ပုံကိုနံရံများထပ်ကပ်လိုက်ပီးအချက်လက်များကိုစုစည်းလိုက်သည်။

သူ့နာမည်က ဂုဏ်။တစ်လုံးထဲပဲ ဂုဏ်တဲ့။
သူကတည်မြဲအာဏာထက်မနည်းတဲ့အတွေ့ကြုံနဲ့အရည်ချင်းရှိတယ်။နယ်ဘက်ကနေအမှုတစ်ခုလိုက်ရင်းဒီမြို့ကိုရောက်လာတုန်း သူတို့ရဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာအမှုစစ်တစ်ယောက်ပီပီ သံသယဖြစ်စရာလေးတေရှာတွေ့ခဲ့တာမို့ ဖော်ထုတ်ချင်စိတ်ကတားမရဖြစ်လာသည်။ထို့ကြောင့်သူ့အမှုကိုကိုင်လို့ပီးတော့ ဒီမရိုးရှင်းတဲ့အမှုကိုပြန်ဖော်ထုတ်ရန်စီစဉ်နေတာဖြသ်သည်။အခုအခြေနေတေကိုကြည့်ရသလောက် သူသံသယဝင်နေတဲ့ကိစ္စကအမှန်ဖြစ်နေပုံရသည်။

"မင်းဘာကြီးဖြစ်နေနေ ငါရအောင်ဖော်ထုတ်မယ်!"

°°°°°°°°°°°°°°°°°°

ဓူဝံတစ်ယောက်တည်မြဲအာဏာရဲ့မိသားစုရှေ့တွင်နေရခက်နေသည်။အာဏာလွှမ်းကလေယာဉ်တစ်စီးလုံးကိုငှါးခဲ့တာကြောင့်လေယာဉ်ပေါ်တွင်သူတို့သာရှိနေသည်။ဓူဝံနဲ့အတူJကလိုက်လာပီး သူ့ကိုစောက်ရှောက်ပေးမည်ဟုအတင်းတောင်းဆိုတာကြောင့်ခေါ်ခဲ့ရသည်။

တည်မြဲရဲ့မိဘတေကိုဓူဝံအားနာသလို မျက်နှာလဲပူလှသည်။သူတို့သားလိမ္မာလေးကိုဖျက်စီးပီး အခုနိုင်ငံတော်သစ္စာဖောက်ဖြစ်အောင်လုပ်မိတဲ့အပြင် နိုင်ငံခြားကိုပါပြောင်းရ​တော့မည်ဖြစ်တာကြောင့်သူ့ကိုမုန်းနေလောက်မှာပင်။

ပြင်သစ်ကိုရောက်တော့ သူတို့ဝယ်ထားတဲ့ပဲရစ်ကအိမ်ကြီးဆီသို့ကားဖြင့်သွားလိုက်သည်။အကုန်လုံးကပင်ပန်းနေကြပီအိမ်အမြန်ရောက်ရန်စိတ်အားထက်သန်နေကြသည်။

"အား ပင်ပန်းလိုက်တာအိပ်ယာပေါ်အမြန်ရောက်ချင်နေပီ"

"ချာတိတ် မပြေးနဲ့လေ ချော်လဲအုံးမယ်"

ကားကခြဲထဲအရောက် ကားပေါ်ကပြေဆင်းတဲ့မိုးထက်ကြောင့်အာဏာကလှမ်းတားရပြန်သည်။

Make A Wish(System)(Completed)Where stories live. Discover now