"အဲ့ဖုန်းက မနက်ထဲကခေါ်နေတာ အချစ်ကိုင်လိုက်လေ"

ဓူဝံကတွန့်ဆုတ်နေတာမို့တည်မြဲကပဲဖုန်းကိုလက်ခံလိုက်ကာspakerပါဖွင့်လိုက်သည်။

"Boss!Bossအဆင်ပြေရဲ့လား သတင်းထဲမှာbossနဲ့ဟိုသစ္စာဖောက်ကောင်အကြောင်းတက်လာတယ် ကျနော်မယုံလို့bossဖုန်းကိုတောက်လျှောက်ဆက်နေတာ bossမသေဘူးနော်!"

"အင်း ငါမသေဘူး"

"တော်သေးတာပေါ့ဗျာ ဘယ်လိုဖြစ်သွားကြတာလဲbossရ!"

"အဲ့ဒါက.... "

"နောက်မှအေးဆေးရှင်းပြမယ်J အခုအချစ်မအားသေးဘူး"

"မင်း!မင်း သစ္စာဖောက်ကောင်!!"

"နောက်မှပြန်ဆက်လိုက်မယ်Jဒါပဲ"

ဓူဝံဖုန်းအမြန်ချကာတည်မြဲကိုကြည့်လိုက်ပီး...

"ငါအဲ့အလုပ်တေကိုဆက်မလုပ်တော့ပါဘူး မောင်နဲ့ပဲကောင်းကောင်းမွန်မွန်အလုပ်တစ်ခုအတူမှာပါ"

"အချစ်ကဆန္ဒရှိလို့လား"

"....."

ဓူဝံပြန်မဖြေတတ်သူသိတတ်စအရွယ်ထဲကစပီးသေနတ်ကိုင်ကာဒုစရိုက်အလုပ်တေနဲ့သာအကျိုးပေးသူမို့ထိုလောကထဲခြေစုံပစ်ဝင်ခဲ့တာဖြစ်သည်။မိဘမရှိတစ်ကောင်ကြွက်တစ်ယောက်မို့နောက်ဆံတင်းစရာမရှိခဲ့ပါ။အခုက​ရော...အခုသူ့မှာမောင်ရှိနေပီ မောင်နဲ့သူကဆန့်ကျင်ဘတ်တေ မောင်ကဒုစရိုက်သမားတေကိုနှိမ်နင်းတဲ့သူ သူကတော့ဒုစရိုက်သမားတေမွေးမြူတဲ့သူ။အချစ်အတွက်မိုက်ရူးရဲဆန်တဲ့သူရှိသလို အချစ်အတွက်လိမ္မာသွားတဲ့သူတေလဲရှိတယ် သူလဲလိမ္မာနိုင်လောက်မှာပါ။ခက်တာဒီအလုပ်ကလွဲရင်တခြားဘာမှမလုပ်တတ် သေနတ်ပစ်တာကိုထမင်းစားရေသောက်လောက်ဆိုပေမယ့် တခြားအလုပ်ကိုဘယ်ကနေဘယ်လိုစလုပ်ရမလဲဆိုတာလဲမသိ။အတွေးများနေတဲ့ဓူဝံကြောင့် တည်မြဲအသာပြုံးလိုက်ကာဓူဝံလက်လေးကိုဆွဲယူပီးနမ်းရှိုက်ရင်း....

"မောင်ချစ်တာမင်းကို မောင့်အတွက်နဲ့ဘယ်အရာမှအချစ်ပြောင်းလဲပေးစရာမလိုဘူး အချစ်ကလူသတ်ရင်မောင်ကအလောင်းဖျောက်ပေးမယ် မောင်တစ်ထမ်းမယ်တစ်ရွက်ပေါ့ မဟုတ်ဘူးလား"

Make A Wish(System)(Completed)Where stories live. Discover now