ဆိုင်မွန်(Arc -7.5)

Start from the beginning
                                    

"အာ့ ကျွတ် ကျွတ် သခင်ရယ် နာအိုဒီမှာမနေရဲတော့ဘူး အဟင့် သူကနာအို့ကိုနှိပ်စက်နေတယ် ကြည့်ပါအုံးသခင်ရယ်ဒီဒဏ်ရာတေကို သူကလုပ်ထားတာ နာအိုဗိုက်ထဲမှာကလေးရှိနေတယ်ပြောတာလဲမရဘူးနာအိုကိုရိုက်တယ် အဟင့်ဟင့်"

"မောင် ငါမလုပ်ဘူးနော်"

ဆိုင်မွန်ကရိန်းကိုခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပီးဟန်လုပ်ငိုနေတဲ့နာအိုနားသွားကာ...

"အခုရောနာနေသေးလား"

"ဟင့် အရမ်းနာတာပဲနာအိုသူ့ကိုကြောက်တယ် ဟင့်"

"ဆေးရုံသွားကြမယ် ဗိုက်ထဲကကလေးအခြေနေဘယ်လိုရှိလဲစစ်ဆေးကြမယ်"

"ရှင်!"

"ကိုယ်ဝန်အဆင်ပြေမပြေ check upလုပ်ရမယ် လာသွားကြမယ်"

"အဲ့ အဲ့တာက အားး အ့ ဗိုက်ကနာလာတယ် အား"

ချက်ချင်းဗိုက်ကိုဖိကာနာကြောင်းပြောနေတဲ့သူမကြောင့်ဆိုင်မွန်က...

"အချစ် family doctorကဖုန်းဆက်လိုက် သူ့ကိုလာစစ်ပေးဖို့"

"အင်းမောင်"

"မ မခေါ်လဲ ရပါတယ် ကိုယ်ဝန်ကပျက်ကျသွားပီထင်တယ် အရမ်းနာနေတယ်"

"သွေးလဲမတွေ့ပါဘူး"

"အဲ့ အဲ့တာက"

"၅မိနစ်နေရင်ဆရာဝန်ရောက်လာလိမ့်မယ်အဲ့ကျမှဆက်ပြောကြတာပေါ့"

တအောင့်လောက်နေတော့ဆရာဝန်ရောက်လာကာနာအိုကိုစမ်းသပ်နေသည်။နာအိုချွေးတပြိုက်ပြိုက်ကျကာတုန်လှုပ်နေတော့သည်။

"သူမကပုံမှန်ပါပဲ"

"ပုံမှန်ဆိုတာယ်လိုလဲသေချာရှင်းပြ"

"သူမမှာကိုယ်ဝန်လဲရှိမနေသလိုပျက်လဲမပျက်ကျထားပါဘူး ဒီလက်ကအညိုမဲတေကမိတ်ကပ်တေ သူမကိုယ်ကအကောင်းတိုင်းပါပဲ"

ဆရာဝန်ရဲ့စကားများကြောင့်နာအိုအသက်ရှူတောင်ရပ်သွားချင်သည်။အရာအားလုံးဘူးပေါ်သလိုအကုန်ပေါ်ကုန်ပီးဆိုင်မွန်ကသူ့ကိုလက်ပိုက်ပီးသတ်ဖြတ်တော့မလိုကြည့်နေတာကြောင့်.....

"နာအိုမှားပါတယ် နာအိုကသခင့်ကိုချစ်မိလို့အခုလိုလုပ်မိတာပါ"

Make A Wish(System)(Completed)Where stories live. Discover now