"အပိုတွေ...နင့်ဟာနင်ပဲ အားလပ်ချိန်ရအောင် အရင်လုပ်ဦး...ငါလာလည်ရင် ဟိုက အစားအစာ ထူးထူးဆန်းဆန်းတွေ လိုက်ကျွေးဦးနော်"

"အင်းပါ အဟားဟား"

"လာပါဦး... တစ်အိမ်လုံးက အမွှေစိန်နှစ်ယောက်... လေးမောင်ကို သွေးတွေတက်အောင် မလုပ်ကြနဲ့နော်"

မမနန္ဒာက အာကာနှင့် မမကေသာကို နှစ်ယောက်ပူး၍ ဖက်ပြီးနှုတ်ဆက်သည်...

"ကေသာတို့ လာလည်မှာနော် မမနာနာ"

ထို့နောက် မမနန္ဒာက အမေ့နောက်မှာကပ်နေသော အငိုမင်းသမီးလေးကို အတင်းဆွဲထုတ်ပြီးဖက်ရသည်...

"ပူတူးက ငိုတယ်ဟေ့... ငါ့ညီမလေးက အငိုသန်လေး... အဲ့ဒါကြောင့် အမေက အိမ်မှာ ဥ ထားတာ... အမေတို့နားနေပြီး အမေ့တို့ကို စောင့်ရှောက်နော်"

"အင်းပါ... မကြီး မင်္ဂလာဆောင်ကျရင် မမနာနာ ပြန်လာခဲ့ဦးနော်"

"လာမှာပေါ့"

မမဟေမာကို နှုတ်ဆက်ပြီး မမနန္ဒာက အစ်ကို့ကို ဖက်လိုက်သည်...

"So sweet ကိုစိတ်ချမယ်နော် ငြိမ်း"

"အင်း...ကျန်းမာရေး ဂရုစိုက်ဦး"

ထို့နောက် မမနန္ဒာက ဇေယျာ့ဘက်သို့ လှည့်၍ လက်နှစ်ဖက်ကို ဆန့်တန်းပေးသည်...

"ကိုဇေယျာကြည်ညွှန်းလေး"

ဇေယျာက မမနန္ဒာကိုထွေးပွေ့လိုက်ပြီး နှုတ်ဆက်သည်...

"ကျန်းမာရေးဂရုစိုက်ပါ မမနာနာ"

လေယာဉ်ကွင်းသို့ လိုက်ပို့ကြသည့်သူများအားလုံးကို နှုတ်ဆက်ပြီး မမနန္ဒာက အထဲဝင်သွားတော့သည်... မမနန္ဒာ မြင်ကွင်းမှ ပျောက်သွားပြီဆိုမှ ဒေါ်ခင်ခင်မျိုးဆွေက ဦးကြည်ညွှန်းရင်ခွင်ကို ခေါင်းအပ်ပြီး ငိုပါတော့သည်... သူ့အသိုက်အမြုံထဲမှ ငှက်ကလေးတစ်ကောင် စတင်ပြီးပျံထွက်သွားခဲ့ပြီမဟုတ်ပါလား... အာကာတို့မှာလည်း TV ရှေ့မှာ ခေါင်းအုံးတွေပိုက်ပြီး နေရာလုမဲ့လူတစ်ယောက် လျော့သွားခဲ့ပြီ...

မမနန္ဒာ လေယာဉ်ထွက်သွားပြီးမှ အားလုံးပြန်လာကြသည်... ကျန်တဲ့သူတွေက အိမ်ပြန်သည့်သူပြန် အလုပ်သွားသည့်သူသွားကြပြီး အာကာနှင့်အစ်ကိုက ဒေါက်တာစောနေဒွန်းဆီသို့ ထွက်လာခဲ့ကြသည်... အာကာတို့ ကလေးယူဖို့ကိစ္စ တိုင်ပင်ဆွေးနွေးရမည်... အစ်ကိုက ထိုကိစ္စကို မြန်မြန် အကောင်အထည်ဖော်ချင်နေပြီ...

Match Made In Clouds Where stories live. Discover now