ရွှေရိုး(Arc -6.5)

Start from the beginning
                                    

"ကျေအေးရင်တောင်ကျနော့်သားရေကြည်ကို သူ့သားနဲ့သဘောမတူနိုင်ပါဘူးဘုရား"

"ငါကလဲတူတယ်မပြောပါဘူး"

"တိတ်စမ်း!ကလေးတေမှာဘာအပြစ်ရှိလို့လဲ သူတို့ဘာသာချစ်ကြတာ မင်းတို့မှာတားပိုင်ခွင့်မရှိဘူး"

"ဒါပေမယ့်သူတို့ကယောက်ျားလေးတေလေဘုရား"

"အင်း ဘုန်းဘုန်းတို့ဘာသာအယူအရဆိုရင်တော့ ရှေးဘဝကဆုတောင်းမှားခဲ့ကြတာပေါ့"

"ဆုတောင်းမမှားပါဘူးဘုရား အခုထပ်ဆုတောင်းခိုင်းလဲရေကြည်နဲ့ပဲပေါင်းဖက်ဖို့ပဲဆုတောင်းမှာ"

နောက်မှာကုပ်ကုပ်လေးထိုင်နေတဲ့ရွှေရိုးကဗက်ကနဲထပြောတော့ ဆရာတော်မှာဘေးကရေနွေးခွက်ဖြင့်ကောက်ပေါက်ကာ...

"စေတနာပျက်အောင်မလုပ်နဲ့ ငါမင်းတို့ဘက်ကပြောပေးနေတာ"

"တင်ပါ့ဘုရား"

ထိုအခါမှလက်အုပ်လေးချီကာခေါင်းလေးပြန်ငုတ်သွားသည်။

"အင်းခုနက​ပြောသလိုပဲ ဖူးစာပါရင်ဘယ်အရာကမှဖျက်လို့မရဘူးကွဲ့ သူတို့ဖူးစာပါချင်တော့ ဟောကြည့် အဖေနှစ်ယောက်မတည့်ပဲတောင်နဲ့မြောက်ကွဲနေတာတောင် ရအောင်စုံပီးချစ်ကြိုက်ကြတယိ တကယ်တော့ချစ်ခြင်းမေတ္တာထားတတ်ရင်အရာအားလုံးကအေးချမ်းပါတယ် ဒကာတို့ လိင်ဆိုတာတဏှာရမက်သက်သက်ပဲ"

ဆရာတော်ရဲ့ဆုံးမစကားကြောင့်သူကြီးနှစ်ယောက်ကနည်းနည်းတော့အမြင်ကြည်လာကြသည်။

"မင်းတို့နှစ်ယောက်အခုရန်ငြိုးထားနေတာမိန်းမတစ်ယောင်ကြောင့်ဆိုတာမင်းတို့ဇနီးတေသိကြတယ်မလား"

"တင်ပါ့"²

"သူတို့နေရာကိုဝင်စာနာကြည့်စမ်း သူတို့ခင်ပွန်းတေကတခြားမိန်းမကြောင့်စတည်လာတဲ့ရန်ငြိုးကိုခုထက်ထိမပြေနိုင်ကြသေးဘူး သူတို့ရှိနေရက်နဲ့တောင်အဲ့မိန်းမကြောင့်ရှိနေတဲ့ရန်ငြိုးကိုမင်းတို့ကဆက်နေကြတာ သူတိုစိတ်ထဲဘယ်လိုနေမလဲစဉ်းစားကြည့်ကြ"

"တပည့်တော်တို့မှားသွားပါတယ်ဘုရား"

"တပည်တော်တို့နာလည်ပါပီ ဆုံးမပေးလို့ဆရာတော်ကိုကျေးဇူးတင်ပါတယ်"

Make A Wish(System)(Completed)Where stories live. Discover now