ရွှေရိုး(Arc -6.4)

Start from the beginning
                                    

"စိတ်ဆိုးပြေပီဆို အနမ်းလေးစွန့်ကျဲပေးပါအချစ်ရယ်"

သနားကမားရုပ်လေးနဲ့ရွှေရိုးဟာခြင်တေလဲအကိုက်ခံနေရပုံပင် တစ်ဖက်ဖက်ရိုက်နေသေးတာကြောင့် ချစ်သူကိုကြာကြာဒုက္ခမခံစေလိုတာကြောင့် ရေကြည်သူ့လက်ဖဝါးကိုနမ်းကာလက်ဖြန့်လိုက်ပီးလေနဲ့မှုတ်လိုက်သည်။

[ဖလိုင်းကစ်ကိုပြောချင်တာပါ အဲ့ခေတ်တုန်းကတော့ဖလိုင်းကစ်မှန်းမသိကြသေးဘူးပေါ့ကွယ်]

"အား မောင်ချစ်လိုက်တာကွာ"

"ဘယ်ကကလေကဝတေငါ့အိမ်နားမှာလာဆူညံနေတာလဲကွ!"

သူကြီးရဲ့ဒေါသတကြီးအော်ဟစ်သံကြောင့်ရွှေရိုးတို့မှာမယ်ဒလင်ကြီးပိုက်လို့ပြေးရတော့သည်။သူကြီးကခြံပြင်ကပြေးသွားတဲ့လူရိပ်တေကြောင့်သူခိုးအမှတ်နဲ့လောက်စလုံးနဲ့ပစ်ကာ...

"ဟေ့ကောင်တေ ​ဟေ့ကောင်တေမပြေးနဲ့!!"

"သူကြီးကလိုက်တယ် အား!"

သူကြီးရဲ့လောက်စလုံးစာကိုသုံးယောက်သားကျောကော့နေအောင်ခံလိုက်ရတော့သည်။အဝေးကနေလဲသူကြားအောင်အော်ပြောခဲ့သေးသည်။

"ထမင်းစားဖို့မမေ့နဲ့နော်အချစ်ရေ!!!"

°°°°°°°°°°°°°°°°°°°

နောက်တစ်နေ့....

ရွှေရိုးနှဖူးကအနီရောင်အဖုကြီးနဲ့ရေကြည်နဲ့အတူဘုန်းကြီးကျောင်းနားကလက်ပံပင်အောက်တွင်ချိန်းတွေ့နေကြသည်။

"မောင်နာနေသေးလား"

"နာတာပေါ့အချစ်ရာ ယောက္ခထီးကြီးကလက်သံပြောင်ချက်ပဲ"

"ဟိဟိ ခံပေါ့ မောင်ကသူ့သားကိုငိုအောင်လုပ်ထားတာလေ"

"မောင့်အချစ်လေး အရမ်းဝမ်းနည်းသွားမှာပဲနော်"

"ဒါပေါ့ မောင်ငါ့ကိုသစ္စာဖောက်ပီထင်ပီးငါ့အရမ်းလန့်သွားတာ အရမ်းလဲဝမ်းနည်းသလို ဒေါသလဲထွက်သွားတာ"

"မောင့်အပြစ်ပါကွာ မောင်တောင်းပန်ပါတယ်နော် ဒါပေမယ့်မောင်ကအချစ်ကိုပဲချစ်တာကိုယုံပေးပါ"

"ငါယုံပါပီမောင်"

"ဟိုလေ အချစ် မောင့်ကိုမွှေးမွှေးမပေးချင်ဘူးလားဟင်"

Make A Wish(System)(Completed)Where stories live. Discover now