"ဒူးရင်းသီးတွေက ဘယ်ကရောက်လာတာလဲ"

"မင်း သူငယ်ချင်းတွေ ယူလာတာ"

အစ်ကိုက အခန်းထဲဝင်ရင်း နှာခေါင်းလေးရှုံ့ပြီးပြောသည်... အာကာက အစ်ကို့နောက်မှ ပြန်လိုက်ဝင်သွားလိုက်သည်...

"ရာဇာတို့ ရောက်နေတာလား... ဒီကောင်တွေ မော်လမြိုင်က ပြန်လာပြန်ပြီထင်တယ်"

"အလကား... အမေ့ကို ဖားချင်တာနဲ့ ဒူးရင်းသီးကြီးတွေ ယူယူလာတာ"

"အဟားဟား...ရွှတ်"

မျက်ခုံးလေးကျုံ့ပြီး ပြောနေသူကို အာကာက မချင့်မရဲဖက်နမ်းလိုက်မိသည်... ဝဇီရာကျော်နှင့် ရာဇာက ဟိုတစ်ခါ club မှာ ဖြစ်ခဲ့ကြသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ခင်ခင်မျိုးဆွေထံမှ လှိမ့်နေအောင် အဆူခံထားရပြီး အပိုးကျိုးနေကြသည်... အိမ်လာတိုင်း အမေကြိုက်တတ်သည့် ဒူးရင်းသီးတွေကို ယူယူလာပြီး မျက်နှာလုပ်နေကြခြင်း ဖြစ်သည်...

"သွားစားလေ...ပြီးရင် သေချာလက်တွေ ဆေးလာခဲ့"

"တော်ပြီ... မစားတော့ဘူး"

"စားပါ...မင်း အရမ်းကြိုက်တယ် မဟုတ်လား"

"ဒူရင်းသီးထက် ငြိမ်းအေးအိမ် ကို ပိုကြိုက်တယ်"

အစ်ကိုက အပိုတွေ ဟူသည့်သဘောနှင့် မျက်လုံးထောင့်ကပ်ကြည့်လာသဖြင့် အာကာအူယားသွားရသည်... မျက်စောင်းထိုးတာလဲ မဟုတ်ဘဲနဲ့ မျက်လုံးကိုထောင့်ကပ်ပြီး ကြည့်သည့်ပုံစံက ဂျစ်ကန်ကန် ကလေးတစ်ယောက်နှင့်တူသဖြင့် တစ်မျိုးလေး အမြင်ဆန်းနေရသည်... အနေတည်သော ကိုတည်ငြိမ်လေးကို အခုလို တစ်ခါတလေမှ ရှားရှားပါးပါး အပြုမူမျိုးတွေနှင့် မြင်ရတဲ့အခါ အာကာ့မှာ ဖမ်းယူပြီး သိမ်းထုပ်ထားချင်မိရသည်အထိ...

"အင့်!...ဘာလို့ လူကိုလာညှစ်နေတာလဲ အာကာကြည်ညွှန်း! မင်းဟာမင်း အောက်ထပ်သွားမယ်ဆိုသွားလေ"

"အသည်းယားအောင် လာလုပ်ပြနေတာကို"

"သွားတော့ လို့"

အစ်ကိုက အာကာ့ကို မောင်းထုတ်လိုက်သဖြင့် အောက်ဆင်းပြီး ရာဇာတို့ကို လာတွေ့ရသည်...

Match Made In Clouds Where stories live. Discover now