ရွှေရိုး(Arc -6)

Start from the beginning
                                    

ဖြန်း!

"အီး ဆရာတော်ဘုရား နာတယ်ဗျ!"

နောက်တစ်ချက်ရိုက်ဖို့ရွယ်နေချိန်...

"ရပ်ပါအုံးဘုရား!"

ရွှေရိုးတားလိုက်ကာဆရာတော်ဘရားရှေ့ဒူးထောက်ကာလက်အုပ်လေးချီလိုက်သည်။

"ရွှေရိုး ဘာကိစ္စရှိလို့လဲ"

"သူ့ကိုထပ်မရိုက်ပါနဲ့တော့ဘုရား"

"ဟေ ဘာလို့လဲကွ"

"တကယ်တော့ဆရာတော်ဘုရားကိုလာတိုင်တာ တပည့်တော်ရဲ့တပည့်တေပါဘုရား ဆရာတော်ဘုရားလဲသိတဲ့အတိုင်းသူတို့ကတစ်စိတ်ကိုတစ်အိတ်လုပ်ပီးပြောသွားတာပါဘုရား ရေကြည်တ့ိုကခူးမလို့ပဲလုပ်ရသေးတာပါမခူးလိုက်ရပါဘူး ပီးတော့ရေကြည်ကသူ့တပည့်တေမြှောက်ပေးလို့ပါဘုရား"

ရွှေရိုးရဲ့ဖြန်ဖြေတဲ့စကားကြောင့်ဆရာတော့ဘုရားကပြုံးသွားပီးခေါင်းတညိမ်ညိမ့်ဖြင့်......

"ဟုတ်သလား ရေကြည်"

"ဟုတ် ဟုတ်ပါတယ်ဘုရား အဲ့နှစ်ကောင်ကတပည့်တော်ကိုမြှောက်ပေးလို့လုပ်မိတာပါဘုရား အဲ့နှစ်ကောင်ကိုပဲအပြစ်ပေးပါ"

ရေကြည်သူ့အပြစ်ကလွတ်ရန်တပည့်နှစ်ယောက်ကိုလွှဲချတော့သည်။

"အာစိ!"

"ပါးစပ်ပိတ်ဟိုနှစ်ကောင်!ရေကြည် မင်းကိုဒီတစ်ခါလွှတ်ပေးလိုက်မယ် နောက်တစ်ခါသူများမြှောက်ပေးတိုင်းလိုက်လုပ်ရင် ကြိမ်လုံးကိုကြည့်ထား!"

"တင်ပါ့ဘုရား"

"ဟိုနှစ်ကောင်မင်းတို့ကဒီနေ့တစ်နေ့လုံးကျောင်းမှာနေပီးတစ်ကျောင်းလုံးကိုသန့်ရှင်းရေးလုပ် နောက်မှာပန်းကန်တေဆေး ကျောင်းထဲကသစ်ရွက်ခြောက်တေလှဲပီးမီးရှို့ ကျောင်းနောက်ကပေါင်းပင်တေရှင်း ထမင်းစားဆောင်ကခေါင်မိုးပျက်နေတာတေပြန်ပြင် အဲ့တာတေအားလုံးမပီးပေးပဲအပြန်နဲ့ ကြားလား!"

"တင်ပါ့ဘုရား"²

ထို့နောက်ဆရာ်တော်ကိုကန်တော့ကာရွှေရိုးကရေကြည်လက်ကိုဆွဲပီးကျောင်းထဲကထွက်လာတော့သည်။ခပ်သုတ်သုတ်ထွက်သွားတဲ့ရွှေရိုးတို့ဟာကျောင်းထဲဝင်လာတဲ့သစ်ခွတို့သားအမိကိုမတွေ့လိုက်ပေ။သို့ပေမယ့်သစ်ခွကတော့ သူတို့ရွာကသူကြီးသားလက်ကိုဆွဲကာထွက်သွားတဲ့ရှေ့ကတောင့်တောင့်ဖြောင့်ဖြောင့်နဲ့ယောက်ျားပီသတဲ့လူကိုကြည့်ရင်းပါးတေရဲတက်သွားတော့သည်။

Make A Wish(System)(Completed)Where stories live. Discover now